ပြည်မြို့အထက ၁ ကျောင်းသား ၊ ကျောင်းသူ ဟောင်းများအဖွဲ့က ပြုုလုပ်တာ ဖြစ်ပါတယ်။
Ei Ei Mar

တပ်မတော်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်အပေါ်  ဆန့်ကျင့်ရှုတ်ချကြောင်း ပြည်မြို့အထက ၁ ကျောင်းသား ၊ ကျောင်းသူဟောင်းများအဖွဲ့က ဖဲကြိုးနီလှုပ်ရှားမှုနဲ့ ဆန္ဒထုတ်ဖော်ကြွေးကြော်မှုကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

 ဆန္ဒထုတ်ဖော်သူတွေဟာ "အမေစုနဲ့ သမ္မတကြီး ဦးဝင်းမြင့် ပြန်လွတ်ရေး၊ အာဏာရှင်စနစ်ကျဆုံးပါစေ စတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပြီး ၊ အားလုံးက အနက်ရောင်အင်္ကျီကိုဝတ်ဆင်ပြီး ဖဲကြိုးနီတွေကို တပ်ဆင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ တပ်မတော်ရဲ့အာဏာသိမ်းလုပ်ရပ်ကို အပြင်းအထန် ရှုံ့ချကန့်ကွက်တဲ့အပြင် ၊အာဏာရှင်စနစ်မှာပါဝင်ပတ်သက်သူ အားလုံးကိုလည်းရှုံ့ချကြောင်းကိုလည်း ဒီကနေ့မှာပဲ ပြည်မြို့အထက ၁ ကျောင်းသား ၊ ကျောင်းသူ ဟောင်းများအဖွဲ့က သဘောထားကြေငြာချက်ထုတ်ပြန်ထားပါတယ်။



ဓာတ်ပုံ - Myo Naing

"ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ စစ်တပ်ကအာဏာသိမ်းတဲ့အပေါ် ကန့်ကွက်တယ်၊ လက်မခံဘူး။ ဒါကြောင့် ဒီနေ့ အင်္ကျီအနက်ရောင်ဝတ်ပြီး၊ ဖဲကြိုးနီတပ်တယ်။အမေစုနဲ့သမ္မတကြီး အမြန်ဆုံး ချက်ခြင်းလွတ်ပေးဖို့၊ တခြားဖမ်းဆီးခံတွေလည်းလွတ်ပေးဖို့ တောင်းဆိုတယ်။ကျနော်တို့ကျောင်းသားတွေက သမိုင်းအဆက်ဆက် ညီတယ်။ သဘောထားထုတ်ပြန်ချက်အပေါ်လည်း အပြည့်အဝထောက်ခံတယ်"လို့ အ.ထ.က.၁ ပြည်ကျောင်းသားဟောင်းတစ်ဦးက ပြောပါတယ်။

ပြည်မြို့အထက ၁ ကျောင်းသား ၊ ကျောင်းသူ ဟောင်းများအဖွဲ့အနေနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင့်တုန့်ပြန်သော မည့်သည့်လုပ်ရပ်ကိုမဆို ပါဝင်ထောက်ခံသွားမှာဖြစ်သလို Civil Disobedience Movement ပြုလုပ်နေသူတွေနဲ့အတူ ရပ်တည်သွားမယ်လို့ ရပါတယ်။ 

အာဏာသိမ်းအစိုးရအနေနဲ့ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါ အဝင် ဖမ်းဆီးထိန်းသိမ်းထားခံရသူတွေကို ချက်ချင်း လွှတ်ပေးပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ အတည်ပြုလက်ခံပေးဖို့ သဘောထုတ်ပြန်တောင်းဆိုထားပါတယ်။


Author


က္က