မနေ့က အောင်မြင်စွာကျင်းပပြီးစီးနိုင်ခဲ့ဟုဆို
Mi Thawdar Aung

ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်မြောက်ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ (၆) ရက် မနေ့က ကျင်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အစည်းအဝေးကို သဘာပတိအဖြစ် ပဲခူးမြို့ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေကိုတင်မြှောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကျမ်းကျိန်လွှာပေးအပ်ခဲ့တယ်လို့ သိရပါတယ်။



ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲ့စည်းသော (CRPH)ကိုထောက်ခံကြောင်း ကျောက်တံခါး မြို့နယ်တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဇင်က အဆိုတင်သွင်းခဲ့ပြီး တက်ရောက်သူကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြတယ်လို့သိရပါတယ်။

ဒါကြောင့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီး ပြီဒဆုံးခဲ့တယ်လို့ ပြည်မြို့နယ်က ရွေးကောက်ပွဲအနိုင်ရ လွတ်တော်ကိုယ်စားလှယ် ဥိးသက်ဝင်းလိူင်းကပြောခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


Author


က္က