သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေက တရားစွဲဆိုခံထားရကြောင်းပြောပြီး ညနေမှာ လာရောက်ခေါ်ဆောင်မယ်လို့ သိရပါတယ်။

ရန်ကုန်အနောက်ပိုင်းဆေးရုံက Civil Disobedience Movement လှုပ်ရှားမှုပြုလုပ်ထားတဲ့ လက်ထောက် ဆရာဝန်နှစ်ဦးကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ အမှုဖွင့် တရားစွဲဆိုထားမှုတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါဆရာဝန်နှစ်ဦးက နေအိမ်တွေမှာပဲရှိနေသေးပေမယ့် အမှုဖွင့်တရားစွဲဆိုထားတာကြောင့် ညနေမှာ လာရောက်ခေါ်ဆောင်မယ်လို့ သက်ဆိုင်ရာရဲစခန်းတွေက အကြောင်းကြားတယ်လို့ အနောက်ပိုင်းဆေးရုံက CDM လှုပ်ရှားမှုမှာ ပါဝင်သူ ဆရာဝန်တစ်ဦးက Duwun ကို ပြောပါတယ်။



" ကျွန်တော်တို့ကိုတော့ နေ့လယ်က အဲဒီလိုဆက်သွယ်လာတယ်။ သူတု့ိအဲဒီလို အမှုဖွင့်ခံထား ရတယ် ဆိုပြီးတော့။ အဲဒီလိုဆက်သွယ်ခံရတယ်ဆိုပြီး ကျွန်တော်တို့ဘက်ကို အဲဒီလို ဆက်သွယ်လာတာပါ။ သူတို့နှစ်ဦးစလုံးက အနောက်ပိုင်းဆေးရုံကပါပဲ။ ရဲစခန်းက ဖုန်းဆက်ပြီးတော့ တစ်ယောက်ကလည်း မြောက်ဒဂုံက ၊ တစ်ယောက်ကလည်း စော်ဘွားကြီးကုန်း ကပေါ့နော်။ သူတို့ကို ညနေလာခေါ်မယ်။ ၆၆(ဃ)နဲ့ရယ် စော်ဘွားကြီးကုန်းက တစ်ယောက်က ပုဒ်မ ၁၅၃ ပါ ပါတယ်။ တရားစွဲထားတယ်။ လာခေါ်မယ်ဆိုပြီး ပြောတယ်ဆိုပြီး သိရပါတယ် " လို့ အနောက်ပိုင်းဆေးရုံက CDM လှုပ်ရှားမှုမှာ ပါဝင်သူ ဆရာဝန်တစ်ဦးက Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ ဆရာဝန်နှစ်ဦးအတွက် သက်ဆိုင်ရာ အမှုအခင်းနားလည်တတ်ကျွမ်းသူ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ရန်ကုန်အနောက်ပိုင်းဆေးရုံက ဆရာဝန်တစ်ဦးက Duwun ကို ပြောပါတယ်။ ရန်ကုန်အနောက်ပိုင်းဆေးရုံက လက်ထောက်ဆရာဝန်တွေက Civil Disobedience Movement လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၃ရက်က စတင်ခဲ့တာဖြစ်ပေမယ့် ဒီလိုတရားစွဲဆိုမှု တွေရှိလာတာကိုတော့ ဒီနေ့မှ ကြုံတွေ့ရတာဖြစ်တယ်လို့ သိရပါတယ်။



က္က