အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူက အမိန့်ထုတ်ပြန်တာဟုတ်တယ်လို့ အတည်ပြုပါတယ်။
Minn Nandar

မန္တလေး အောင်မြေသာစံမြို့နယ်အပါအဝင် မန္တလေးတစ်ခရိုင်လုံးကို ဒီကနေ့ကစလို့ ညမထွက်ကအမိန့်အပါအဝင် လူငါးဦးထက်ပိုမစုရအမိန့်ထုတ်ပြန်လိုက်တယ်လို့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေဆီကနေ သိရပါတယ်။

ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်မထွက်ဖို့နဲ့ လူ ၅ ဦး ဒါမှမဟုတ် လူ ၅ ဦးထက်ပိုပြီး အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ မစုဝေးကြဖို့ မြို့နယ်အလိုက်သတင်းထုတ်ပြန်လိုက်တာလို့လည်းသိရပြီး ဒါနဲ့ပတ်သက်လို့ အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူက အမိန့်ထုတ်ပြန်တာဟုတ်တယ်လို့အတည်ပြုပေးပါတယ်။



"အမိန့်ထုတ်ပြန်တာမှန်ပါတယ်ခမျ၊ ည ၈ညနာရီကနေ မနက် ၄ နာရီအထိပါ၊ သက်ဆိုင်ရာမြို့နယ်အလိုက်လည်းထုတ်ပြန်မှာလို့သိရပါတယ်၊အခု လိုက်ပြီးကြေညာပေးနေပါပြီ" လို့ ၎င်းကပြောပါတယ်။ ဒီအမိန့်ထုတ်ပြန်မှုက ကနဦးအနေနဲ့ အောင်မြေသာစံမြို့နယ်က ထွက်လာတာဖြစ်ပြီး လက်ရှိမှာတော့ မန္တလေးခရိုင်အတွင်းက ကျန်မြို့နယ်တွေမှာပါ ထပ်ထုတ်လာတာကြောင့် တစ်ခရိုင်လုံးအတွက်အကျုံးဝင်သွားပြီဖြစ်တယ်လို့သိရပါတယ်။

ထုတ်ပြန်ကြေညာချက်အရ အခုအခါမှာ မြို့နယ် နယ်နိမိတ်တွေအတွင်း လူအချို့ဟာ အများပြည်သူရဲ့ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့၊ စိုးရိမ်ဖွယ်ရာရှိတဲ့အပြုအမူတွေ ဆောင်ရွက်နေတာတွေ့ရကြောင်း၊ ဒါဟာတည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကိုထိခိုက်စေတဲ့အပြင် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်စေနိုင်တယ်လို့ ယုံကြည်ယူဆကြောင်း၊ ဒါကြောင့်မို့လို့ မြို့နယ်တွေအတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြုလို့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်တာ၊လှုံ့ဆော်ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခတ်ပြုမှုတာတွေမလုပ်ဖို့ တားမြစ်လိုက်ကြောင်း သိရပါတယ်။ဒါ့အပြင် လူငါးဦး ဒါမှမဟုတ်ငါးဦးထက်ပိုသူတွေဟာ လမ်းမကြီးတွေ၊ အများပြည်သူသွားရာလမ်းတွေ၊ လမ်းသွယ်လမ်းကြားတွေ၊ ဥယျာဉ် ဒါမှအဟုတ် အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ စုဝေးခြင်းမပြုကြဖို့နဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်လိုက်ကြောင်းပါရှိပါတယ်။


Author


က္က