အခုလိုလုပ်ရပ်တွေ ထပ်မလုပ်ဖို့ကိုလည်း တာဝန်ရှိသူတွေကိုတောင်းဆိုထားပါတယ်။
Ei Ei Htun

စစ်အာဏာသိမ်းမှုကြောင့် ဆန္ဒဖော်ထုတ်နေကြတဲ့ လက်နက်မဲ့ပြည်သူတွေကို လက်နက်ရှိသူတွေက အကြမ်းဖက်နှိမ်နင်းနေတာတွေကို ပြင်းထန်စွာရှုံ့ချကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မည်သည့်နေရာတွင်မဆို အခုလိုအကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်တွေ ထပ်မံမဖြစ်ပွားစေရန် တာဝန်ရှိသူတွေက အလျင်အမြန်ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းခဲ့မှုနဲ့ ပတ်သက်လို့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေနဲ့ ဆန္ဒဖော်ထုတ်လျှက်ရှိနေတာပါ။



ဖေဖော်ဝါရီလ (၈)ရက်နေ့မှာတော့ နေပြည်တော်ကဆန္ဒပြတဲ့ပြည်သူတွေကို ရေအမြောက်နဲ့ပစ်ပြီး လူစုခွဲခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ပြည်သူများလည်းရှိခဲ့ပါတယ်။ မနေ့က ဖေဖော်ဝါရီလ(၉)ရက်နေ့မှာတော့ နေပြည်တော်အပါအဝင်၊ မန္တလေးနဲ့ တခြားမြို့တွေမှာလည်း ဆန္ဒပြတဲ့ပြည်သူတွေကို ရေအမြောက်နဲ့ ပစ်ကာလူစုခွဲခဲ့သလို မန္တလလေးမှာ မျက်ရည်ယိုဗုံးတွေတောင်အသုံးပြုခဲ့ပါတယ်။

နေပြည်တော်မှာတော် ဆန္ဒပြပြည်သူတွေကို ကျည်အစစ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူနှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမှာရှိနေခဲ့တာပါ။ အခုလို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် ပြည်သူတွေထိခိုက်ဒဏ်ရာရှိမှုတွေရှိလာတဲ့အတွက် အကြမ်းဖက်နှိမ်နင်းတဲ့လုပ်ရပ်တွေကို ထပ်မံမပြုလုပ်ဖို့ တာဝန်ရှိတွေထံ အသိပေးတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။







Author


က္က