စစ်အာဏာရှင်ဆန္ဒပြပွဲမှာ ရဲတွေ ပါဝင်လာတာပါ။
Mi Thawdar Aung

ကယားပြည်နယ်၊ လွိုင်ကော်မြို့ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေပြီး ပြည်သူတွေရဲ့ ဝန်းရံပိတ်ဆို့မှုကြောင့် ဖမ်းဆီးမခံခဲ့ရဘူးလို့ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုသိုက်က ပြောပါတယ်။

Photo- Aung Ko Myo

ဒီကနေ့ ဖေဖော်ဝါရီ (၁၀) ရက် မနက်ပိုင်းက လွိုင်ကော်မြို့မှာ ပြုလုပ်တဲ့ စစ်အာဏာရှင် အလိုမရှိဆန့်ကျင်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင် (၄၀) ဦး ပူးပေါင်းပါဝင်လာခဲ့ပြီးနောက် ရဲမှူးတွေက အဆိုပါ ဆန္ဒပြရဲတွေကို လိုက်လံဖမ်းဆီးနေကြတာပါ။ ဆန္ဒပြရဲတွေ ရှမ်း-ကယားနယ်စပ်က ဘာတိုရွာနားကို ရောက်စဉ်မှာ နောက်ယောင်ခံလိုက်ပြီး ဖမ်းဆီးခဲ့တယ်လို့ သိရတာကြောင့် ပြည်သူတွေရဲ့အင်အားနဲ့ ပိတ်ဆို့ ဝန်းရံခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 



“ ရဲတပ်ဖွဲ့ဝင်တွေ စီးသွားတဲ့ကားနောက်ကို နောက်ယောင်ခံလိုက်ပြီး လိုက်ဖမ်းတာ။ အဲဒီတော့ ရဲတပ်ဖွဲ့ဝင်တွေက ထွက်ပြေးရတယ်။ နောက်ဆုံးမှာ လယ်ကွင်း ကြားထဲ ရောက်လာပြီးတော့ ဘယ်မှ ဆက်သွားလို့မရတဲ့အချိန်မှာ ရဲမှူးတွေက ညှိကြတယ်။ အခုတော့ ဆန္ဒပြရဲတွေက သူတို့ယူလာတဲ့ slogan တွနဲ့ ထိုင်သပိတ်လုပ်နေတယ်။ ကျွန်တော်တို့ ပြည်သူတွေလည်းဝန်းရံနေတယ်” လို့ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုသိုက်က ဆိုပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို နေ့စဉ် ရက်ဆက် လူအင်အား သောင်းနဲ့ချီ ပြုလုပ်နေတာဖြစ်ပြီး ဒီကနေ့မှာတော့ ပထမဆုံးအနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်လာတယ်လို့လည်း သိရပါတယ်။ ရဲတပ်သား (၃၃) ဦး၊ ရဲမေ (၆) ဦးပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး " ပြည်သူနဲ့ တစ်သားတည်းရပ်တည်တယ်။ ပြည်သူ့ရဲက ပြည်သူ့ရဲဖြစ်ရမယ်။ တိုင်းပြည်မှာ ရှိနေတဲ့အခြေအနေ လက်မခံ" ဟုဆိုကာ ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းပါဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။


Author


က္က