ဖမ်းဆီးခံရသူတွေဟာ မနေ့က ဆန္ဒပြပွဲမှာ ၃၈လမ်းမကြီးပေါ်မှာ ရဲတပ်ဖွဲ့ကအင်အားသုံးဖြိုခွင်းစဉ်အဖမ်းခံခဲ့ရသူအရေအတွက်က ပိုများပါတယ်။

ဖေဖေါ်ဝါရီ(၉)ရက်နေ့က မန္တလေးမြို့မှာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့သူ ၇၂ဦးဖမ်းဆီးခံခဲ့ရပြီး အရပ်ဖက်ရှေ့နေအယောက်၃၀ခန့်စုပေါင်းကူညီကာ ဥပဒေကြောင်းအရကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် ဒီကနေ့မွန်းလွဲပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူတွေကို မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ဖမ်းဆီးခံရသူတွေကိုကူညီဖို့အတွက် ရှေ့နေအယောက်၃၀ခန့်က ရဲစခန်းနဲ့ညှိုနှိုင်းကာခံဝန်နဲ့ပြန်လွတ်လာတာဖြစ်တယ်လို့ အကူအညီပေးခဲ့သူရှေ့နေ ဦးမျိုးအေးက Duwun ကို အတည်ပြုပြောကြားပါတယ်။



"ကျွန်တော်တို့ကိုမနေ့ကအကူအညီတောင်းဆက်သွယ်လာတယ်။ ဒီနေ့မနက် မဟာအောင်မြေတရားရုံးမှာသွားစောင့်နေတယ်။ နောက်ကျတော့ ပုသိမ်ကြီးရဲစခန်းမှာရှိတယ်ဆိုပြီးလိုက်သွားတော့ သူတို့က ခံဝန်နဲ့လွှတ်ပေးလိုက်တာပါ။"လို့ ဦးမျိုးအေးက ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ မနေ့က ဆန္ဒပြပွဲမှာ ၃၈လမ်းမကြီးပေါ်မှာ ရဲတပ်ဖွဲ့ကအင်အားသုံးဖြိုခွင်းစဉ်အဖမ်းခံခဲ့ရသူအရေအတွက်က ပိုများပါတယ်။ အဖမ်းခံရသူတွေ ပြန်လွှတ်ပေးဖို့ မနေ့ညနေကလည်း မန္တလေးတိုင်းရုံးရှေ့မှာ လူ၃၀၀ခန့်စုဝေးဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက်လူစုခွဲဖို့ကြိုးစားတာခံခဲ့ရတယ်လို့သိရပါတယ်။ 



က္က