ဝန်ထမ်းတွေကို လစာပြည့်ခံစားခွင့်နဲ့ ပိတ်သိမ်းပေးတာပါ။
Ei Ei Htun

လတ်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေများကြောင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI )ရုံးကို ဒီကနေ့ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ကစပြီး ယာယီပိတ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ပေါ်သုံးသပ်ကာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး ရုံးကို ယာယီပိတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ “ အဓိကတော့ ဒီကာလမှ ဝန်ထမ်းတွေသွားရေးလာရေးရော အစစအရာရာသူတို့အတွက် ခက်ခဲနေတဲ့ဟာတွေကို အဆင်ပြေစေချင်လို့ ပိတ်လိုက်တာပါ။ ယာယိပိတ်တာဆိုတော့ ဝန်ထမ်းတွေ အဆင်ပြေတဲ့အခါ အချိန်အခါသင့်တဲ့အခါ ၊ဝန်ထမ်းတွေတက်နိုင်တဲ့အခြေအနေရှိရင် တက်ခွင့်ပေးထားတယ်။သူတို့အတွက် ကြိုက်သလိုလွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်အောင် စီစဉ်ပေးတဲ့သဘောပါ”လို့ UMFCCI ဒုတိယဥက္ကဌ ဦးမောင်မောင်လေးက Duwun ကို ပြောပါတယ်။



ဓာတ်ပုံ- UMFCCI

ရုံးကို အချိန်အကန့်အသတ်မရှိပိတ်ပေးကာ ဝန်ထမ်းတွေ ရုံးပြန်တက်နိုင်ချိန်မှ တက်ဖို့ ခွင့်ပြုထားပြီး ယာယီ ပိတ်ထားတဲ့ကာလအတွင်းမှာတော့ ဝန်ထမ်းတွေကို လစာအပြည့်ခံစားခွင့်ပေးမယ်လို့ သိရပါတယ်။ UMFCCI အား အထင်အမြင်လွဲမှားမှုတွေ ရှိနေခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော််််ပြထားပါတယ်။ UMFCCI ဝန်ထမ်းတွေအနေနဲ့ လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး လွတ်လပ်စွာလှုပ်ရှားပါဝင်နိုင်စေရန်အတွက် လစာပြည့်နဲ့ ရုံးကိုယာယီပိတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



Author


က္က