အခုလို CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတချို့ကို အထက်အရာရှိဆိုသူတွေက ဖိအားပေးပြောဆိုမှုတွေရှိနေပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်ထဲက CDM လုပ်နေတဲ့ အစိုးရဝန်ထမ်းတချို့ကိုအထက်အရာရှိဆိုသူတွေက ဖိအားပေးမှုတွေလုပ်နေသလို၊အလုပ်တက်နေတဲ့ ဝန်ထမ်းတွေကိုလည်းCMD မှာပါဝင်နိုင်ခြင်းမရှိအောင် သက်ဆိုင်ရာဌာနရဲ့ အထက်လူကြီးတွေ ဖိအားပေးမှုတွေရှိနေတယ်လို့ သိရပါတယ်။

"မြို့နယ်ဦးစီးတွေ၊ခရိုင်ဦးစီးမှူးတွေကိုအစည်းဝေးတွေပြန်ခေါ်နေတယ်။ ခေါ်ပြီးတော့နေ့စဉ်ရုံးတက်စာရင်းကိုလက်မှတ်ထိုးပြီးတင်ပြပေါ့ စသဖြင့် CDM လုပ်တဲ့သူတွေကိုမှတ်တမ်းတင်ဖို့ပေါ့။ နောက် စည်ပင်၊အခွန်ဦးစီး၊ခရိုင်ဘဏ်မန်နေဂျာ၊ ခ ရိုင်က.ည.န ဦးစီးမှူးတွေကလည်း CMD ပါဝင်နေသူတွေကိုဖိအားပေးနေတာတွေရှိနေတယ်။ ဒါကြာင့် ဝန်ထမ်းတွေ အစိုးရလိုင်းခန်းကအနှင်ခံရတာတွေကအစ ကူညီဖို့လုပ်နေတယ်။ CDM လှုပ်ရှားမှုအောင်မြင်လို့ အစိုးရယန္တရားရပ်မယ်၊ပြောင်းလဲသွားတဲ့အကြောင်းအရာဖြစ်ပြီး အောင်မြင်ရင် ကျွန်တော်တို့မျိုးဆက်တွေအထိစစ်ဖိနပ်အောက်ကလွတ်မှာဖြစ်ပါတယ်။ ဒီအချိန် မှာတော့အားလုံးညီညွတ်ပေးဖို့တိုက်တွန်းချင်ပါတယ်။"လို့ ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကပြောပါတယ်။



အခုလို CDM လှုပ်ရှားမှုမှာပါဝင်နေသူတချို့ကို အထက်အရာရှိဆိုသူတွေက ဖိအားပေးပြောဆိုမှုတွေရှိနေတာကြောင့် ဝန်ထမ်းအိမ်ယာမှာနေထိုင်သူတွေအနေနဲ့ အဖမ်းခံရမှာ စစ်ဆေးခံရမှာကို စိုးရိမ်မှုရှိနေကြတဲ့အတွက် CDM လှုပ်ရှားမှုကိုဦးဆောင်ပြုလုပ်သူတချို့ဟာ ဝန်ထမ်းအိမ်ယာမှာမနေထိုင်တော့ဘဲ တခြားလုံခြုံတဲ့နေရာမှာပြောင်းရွှေ့နေထိုင်နေကြရတယ်လို့သိရပါတယ်။

" လ.ဝ.က မှာလုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်းအရင်းပါ။ သူက ကိုယ်တိုင်ပြောလို့မရတဲ့အခြေအနေဖြစ်လို့ ကျွန်တော့်ကို အကူညီတောင်းလို့ ကျွန်တော်က ပြောပြတာပါ။ သူကအခုလဲ အလုပ်တက်နေရတယ်။ ဝန်ထမ်းတွေရဲ့ဆန္ဒကတော့ CDM လုပ်ချင်တယ်။ ရုံးပိတ်ချင်တယ်။ဒါပေမယ့်လုပ်လို့မရဘူး၊ လ.ဝ.က ရုံးက တာဝန်ရှိသူက လာစောင့်နေတယ် ဆဲတယ်။ အဲ့တော့တခြားဝန်ထမ်းတွေလည်း အလုပ်တက်တယ်။CDMမလုပ်ဖို့ပြောတယ်။ဆဲဆိုတာရှိတယ်။ "လို့ ပြည်မြို့လ.ဝ.က ဌာနက ဝန်ထမ်းတစ်ဦးရဲ့ မိတ်ဆွေကပြောပါတယ်။

ဒါ့အပြင် ပြည်မြို့လျှပ်စစ် ဌာနကအရာရှိတစ်ဦးကလည်း CDM လုပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးငယ်တချို့ကို ဖုန်းဆက်ပြီး ရုံးကို တစ်ယောက်လောက်လာပြီး ကွန်ပျူတာရိုက်ပေးဖို့ ခေါ်ယူခဲ့ရာ ဝန်ထမ်းတွေဘက်က CDM လုပ်နေတာကြောင့် အလုပ်လာဖို့ငြင်းဆန်ခဲ့တာကြောင့် အဲ့ဒီအရာရှိက နေ " အစိုးရပေးတဲ့ဝန်ထမ်းအိမ်ယာမှာနေ၊လစာယူထားရင် ကိုယ့်တာဝန်ကိုယ်ကျေရမယ် အလုပ်လုပ်ရမယ်၊အရာရှိစကားကိုနားထောင်ဖို့ ဆိုတာအပါအဝင် ဖိအားပေးပြောဆိုနေတဲ့ အသံဖိုင်"ဟာ လူမှုကွန်ယက်မှာပြန့်နေပြီး အဲ့ဒီအပေါ် ပြည်သူလူထုက အရာရှိကို ပြင်းပြင်းထန် ပြစ်တင်ရှုံ့ချမှုတွေရှိနေပြီး ဝန်ထမ်းတွေကိုတော့ ထောက်ခံကြောင်း၊လေးစားကြောင်း ပြောဆိုနေကြပါတယ်။

CMD လုပ်နေတဲ့အာဏာရှင်ကိုဆန့်ကျင်နေတဲ့CDM လှုပ်ရှားမှုတွေဟာ သမိုင်းမှာ မှတ်တမ်းတင်ခံရမယ့်ကိစ္စဖြစ်သလို၊ CDM မှာမပါဝင်ဘဲ စစ်အာဏာရှင်လက်အောက်အလုပ်လုပ်နေသူတွေဟာလည်း သမိုင်းမှာ အမဲစက်ကြီးထင်ကျန်ရစ်နေမှာဖြစ်တယ်လို့ ပြည်သူတွေပြောဆိုနေကြပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေကျဆုံးဖို့၊အာဏာရှင်ယန္တရား ကိုရပ်တန့်နိုင်ဖို့အတွက် အစိုးရဝန်ထမ်းအားလုံး CDM လှုပ်ရှားမှု မှာပါဝင်ပေးဖို့ ပြည်သူလူထုကတောင်းဆိုနေကြသလို၊ တစ်နိုင်လုံးမှာလည်း ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြပါတယ်။ လက်ရှိ CDM မှာပါဝင်နေသူတွေကတော့ ပြည်သူ့အစိုးရ အာဏာပြန်ရချိန်မှသာ ဝန်ထမ်းအလုပ်ကိုပြန်လည်လုပ်ကိုင်မှာဖြစ်ကြောင်း၊ အာဏာရှင်တွေကျဆုံးအောင်အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုနေကြပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။ 



က္က