ပစ်မှတ်ထားအရေးယူဒဏ်ခတ်ပိတ်ဆို့မယ့် ပထမအသုတ်စာရင်းကို ဒီတစ်ပတ်ထဲမှာ ထုတ်ပြန်ကြေညာသွားမယ်လို့သိရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရရဲ့ ရန်ပုံငွေ ဒေါ်လာ (၁)ဘီလီယံကို စစ်ဗိုလ်ချုပ်တွေ တရားနည်းလမ်းမကျ ရယူမှုကနေ တားဆီးဟန့်တားသွားဖို့ကို ဆောင်ရွက်နေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး အာဏာသိမ်းရန် ညွှန်ကြားတဲ့ စစ်တပ်ခေါင်းဆောင်တွေ၊ ၎င်းတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေအပြင် အနီးကပ်မိသားစုဝင်တွေကို ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့နိုင်မယ့် အမိန့်ညွှန်ကြားကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ချမှတ်လိုက်ကြောင်း အမေရိကန်သမ္မတအိမ်တော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။



"ပစ်မှတ်ထား အရေးယူဒဏ်ခတ်ပိတ်ဆို့မယ့် ပထမအသုတ်စာရင်းကို ဒီသီတင်းပတ်ထဲမှာ ထုတ်ပြန်သွားပါမယ်။ ဒါ့အပြင် ပို့ကုန်တွေထိန်းချုပ်မှုဆိုင်ရာ ခိုင်မာတဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကိုလည်း ချမှတ်သွားမှာဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အကျိုးရှိစေမယ့် ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပိတ်ပင်ထားမှာဖြစ်ပြီး မြန်မာပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိစေမယ့် ကျန်းမာရေးစောင့်ရှောက်မှု၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အခြားသောကဏ္ဍတွေအတွက် ဆက်လက် အကူအညီတွေပေးသွားမှာ ဖြစ်ပါတယ်” လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မြန်မာစစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အရေးယူပိတ်ဆို့မယ့် ကြေညာချက်ကို သမ္မတအိမ်ဖြူတော်က နေ့လယ် ၁ နာရီ ၁၁ မိနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ရ က်နေ့ မနက် ၁၂:၅၂ မိနစ်အချိန်) မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူလူထုတွေအပေါ်မှာ စစ်တပ်က အကြမ်းဖက်ခြင်းကို လက်မခံသလို ထိုသို့ အကြမ်းဖက်မှုတွေကိုလည်း ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။ မြန်မာပြည်သူလူထုက၎င်းတို့ရဲ့ ဆန္ဒသဘောထားတွေကို အများသိစေရန် တောင်းဆိုနေတာဖြစ်ပြီး ထိူသို့ တောင်းဆိုမှု လုပ်ရပ်တွေကိုလည်း နိုင်ငံတကာက စောင့်ကြည့်နေကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့ပါတယ်။



က္က