အားလုံးပေါင်း ၆၆ ယောက် ရှိတယ်လို့ သိရပါတယ်။
Ei Ei Mar

ပဲခူးတိုင်း ရွေးကော်ဥက္ကဌအပါအဝင် ခရိုင်နဲ့မြို့နယ်အားလုံးက ရွေးကောင်ပွဲကော်မရှင်ဥက္ကဋ္ဌ၊အတွင်းရေးမှူးတွေကို ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စ နဲ့ပတ်သက်ပြီး ပဲခူးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး မင်းသက်နောင်ကိုဆက်သွယ်မေးမြန်းခဲ့ရာ "ခေါ်တယ်၊လောလောဆယ်တော့ ကျွန်တော်တို့ကို မေးတာမြန်းတာတော့ မလုပ်သေးဘူး။ လာခေါ်တာတော့ အဖွဲ့စုံပဲ၊ ညကပဲပြောရမှာပေါ့ ၁၁ နာရီခွဲလောက်ပဲ။ ကျွန်တော်တို့က အခုလောလောဆယ်တော့ သူတို့သတ်မှတ်တဲ့နေရာ ထိုင်စောင့်ပေါ့။ အခုလောလောတော့ ဘာတစ်ခုမှ မေးတာမြန်းတာလည်း မရှိသေးပါဘူး။ ကျွန်တော်တို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားချက်အတိုင်း လုပ်ရတာပဲ။ ကျွန်တော်တို့က ကိုယ့်ဘာသာလုပ်တာ ဘာတစ်ခုမှမရှိဘူး။ ရွေးကောက်ပွဲကော်မရှင်ညွှန်ကြားချက်ကို ဆန့်ကျင်ပြီး ဘာတစ်ခုမှလုပ်တာမရှိဘူး။ လာခေါ်တာတော့ဘာကြောင့်လို့တော့ မပြောဘူး၊ခဏလိုက်ခဲ့ပါဦးလို့ပဲ ပြောတယ်" လို့ ဆိုပါတယ်။



ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတွေကို ယမန်နေ့ည ပိုင်းနဲ့ ခုမနက်အစောပိုင်းမှာ လိုက်လံ ထိန်းသိမ်းခေါ်ဆောင်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ သာယာဝတီ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ဦးစီးအရာရှိ ဖြစ်သူ ဒေါ်ဇင်နွယ်ခိုင်"ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတွေတော့ဖမ်းဆီးခံထားရတယ်။ဒီနေ့မနက် ခန့်မှန်း ၁ နာရီလောက်နဲ့ ၁ နာရီခွဲလောက်မှာလာခေါ်သွားတယ်လို့သိရတယ်။ခရိုင်ထဲက မြို့နယ်တွေရော ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတွေကို ခေါ်သွားတယ်လို့သိရတယ်။ "ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းဆီးခေါ်တောင်းခြင်းခံလိုက်ရတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး တွေဟာ သူတို့လုပ်ကိုင်တဲ့နေရာဒေသအလိုက်မှာ ခေါ်ယူထိန်းသိမ်းခံထားရတယ်လို့သိရပါတယ်။ သာယာဝတီခရိူင်၊ပဲခူးခရိုင်၊ပြည်ခရိုင်၊ တောင်ငူခရိုင် လေးခုအတွင်းမှာ မြို့နယ် ၂၈ မြို့နယ် ရှိတာကြောင့် ဖမ်းဆီးခံရတာက မြို့နယ်အဆင့်မှာ ၅၆ ယောက်၊ ခရိုင်အဆင့်မှာ ၈ ယောက်၊ တိုင်းအဆင့်က ၂ ယောက် ၊အားလုံးပေါင်း ၆၆ ယောက် ရှိတယ်လို့ သိရပါတယ်။

တောင်ငူခရိုင် ဥက္ကဋ္ဌ နဲ့အတွင်းရေးမှူး ကိုဆက်သွယ်ပေမယ့် အင်တာဗျူးမရရှိခဲ့သလို၊ ပြည်ခရိုင်ကို ဆက်သွယ်တော့လည်း ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ မြို့နယ်တွေမှာရှိတဲ့ NLD ကိုယ်စားလှယ်လောင်းတွေရဲ့နေအိမ်ကိုလည်း ရဲတပ်ဖွဲ့က လာရောက်ရှာဖွေတာတွေရှိနေတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


Author


က္က