ဒီလုပ်ရပ်တွေက အာဏာရှင်တွေအနေနဲ့ ဖမ်းဆီးထိန်းသိမ်းပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြလျှက်ရှိရာမှာ ဒီကနေ့မှာတော့ ဆန္ဒပြသူတချို့က အကောက်ခွန်ရုံးကို ချိတ်ပိတ်ဆန္ဒပြမှုရှိလာတယ်လို့ သိရပါတယ်။

အခုလို ရုံးတွေကို ချိတ်ပိတ်ကာ ဆန္ဒပြတဲ့လုပ်ရပ်တွေက ဥပဒေနဲ့မညီသလို ငြိမ်းချမ်းစွာဆန္ဒပြတယ်ဆိုတဲ့ လုပ်ရပ်မှာလည်း မပါဝင်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရနိုင်တာကြောင့် အခုလိုတွေ မလုပ်ဆောင်ကြဖို့ ရှေ့နေတစ်ဦးက Duwun ကနေတစ်ဆင့် အကြံပြုပြောကြားခဲ့ပါတယ်။



“ ချိတ်ပိတ်တယ်ဆိုတာ ပိုင်ရှင် (သို့မဟုတ်) ချိတ်ပိတ်ပိုင်ခွင့်အာဏာရှိတဲ့သူကသာ လုပ်ပိုင်ခွင့်ရှိတယ်။ ပြည်သူတွေအနေနဲ့ လုပ်ပိုင်ခွင့်မရှိပါဘူး။ အခု စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ​နေတယ်ဆိုတာက ငြိမ်းချမ်းစွာလုပ်ဆောင်နေကြတာဖြစ်လို့ အခုလိုလုပ်ရပ်တွေက မလုပ်သင့်ပါဘူး။ ဒီလိုလုပ်ရပ်တွေကြောင့် အာဏာရှင်တွေဘက်က ဖမ်းဆီးထိန်းသိမ်းတာမျိုးတွေလုပ်ပိုင်ခွင့်ရှိတယ်”လို့ အကြံပြုပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဆန္ဒပြပြည်သူတချို့ အကောက်ခွန်ဦးစီးဌာနရုံးရှေ့မှာ ချိတ်ပိတ်ထားပြီး ဆန္ဒပြတဲ့နေတဲ့ ပုံရိပ်တွေက လူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေနဲ့ပတ်သက်လို့ တချို့ပြည်သူတွေအနေနဲ့လည်း ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြတာဖြစ်လို့ အခုလိုလုပ်ရပ်တွေမလုပ်ကြဖို့ကိုလည်း မှတ်ချက်ပြုရေးသားထားတာတွေကို မြင်တွေ့ရပါတယ်။

ယခုပြည်သူတွေအနေနဲ့ ဆန္ဒပြနေကြတာကလည်း ဥပဒေအရကြည့်မယ်ဆိုရင် ရာဇသတ်ကြီး (၁၈၈) ငြိမ်းစုစီ ဥပဒေကို ဆန့်ကျင်နေပြီး အများဆန္ဒနဲ့အားလုံးနည်းတူ အမှန်တရားကိုလုပ်ဆောင်နေကြတာဖြစ်ပေမယ့် အခုလို ရုံးတွေကိုချိတ်ပိတ်တာမျိုးတွေအပါအဝင် တခြားဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကိုတော့ မလုပ်ဆောင်သင့်ဘူးလို့ အဆိုပါရှေ့နေက အကြံပြုပြောကြားခဲ့ပါတယ်။




က္က