ဖမ်းဆီးခံရသူတွေ ပြန်လွတ်လာဖို့အတွက် ကယန်းပြည်သစ်ပါတီ (KNLP) /ကယန်းပြည်သစ်တပ်မတော် (KNLA) ကလည်း ပါဝင်ကူညီတောင်းဆိုပေးခဲ့တယ်လို့ လွိုင်ကော်မြို့နယ်အခြေစိုက် ကန္တာရဝတီတိုင်းသတင်းဌာနမှ အယ်ဒီတာချုပ် မစိုးစိုးထက်က ပြောပါတယ်။
Mi Thawdar Aung

လွိုင်ကော်က ဆန္ဒပြသပိတ်မှာ ပူးပေါင်းပါဝင်လို့ဆိုပြီး အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းဆရာမနဲ့ ပြည်သူ (၇) ဦးကို ပြန်လွှတ်ပေးဖို့ ဒေသခံပြည်သူတွေ ဝန်းရံတောင်းဆိုခဲ့ရာ ဒီကနေ့ ညနေပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၁၁) ရက်မနက်ပိုင်းက လွိုင်ကော်မြို့မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ဒီးမော့ဆိုမြို့နယ်က ကျောင်းဆရာ/ဆရာမ (၄) ဦး၊ ပြည်သူ (၃) ဦး ပူးပေါင်းပါဝင်ခဲ့ပြီး အပြန်လမ်းမှာ လွိုင်ကော်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒီးမော့ဆို ရဲတပ်ဖွဲ့ဝင်တွေ စောင့်ဆိုင်းဖမ်းဆီးကာ လွိုင်ကော်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ ဆန္ဒပြသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသိုက်က Duwun ကို ပြောပါတယ်။



အဲဒီနောက် ဖမ်းဆီးခံရသူတွေကို လွိုင်ကော်အကျဉ်းထောင်မှာ အမိန့်ချမယ်ဆိုတဲ့သတင်းကြောင့် လွိုင်ကော်မြို့ဒေသခံ ထောင်နဲ့ချီ အကျဉ်းထောင်ရှေ့စုဝေးပြီး ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ရာ ညနေပိုင်းမှာပဲ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုသပိတ်ကော်မတီ- ကယားပြည်နယ် အဖွဲ့ကနေ သိရပါတယ်။

ဖမ်းဆီးခံရသူတွေ ပြန်လွတ်လာဖို့အတွက် ကယန်းပြည်သစ်ပါတီ (KNLP) /ကယန်းပြည်သစ်တပ်မတော် (KNLA) ကလည်း ပါဝင်ကူညီတောင်းဆိုပေးခဲ့တယ်လို့ လွိုင်ကော်မြို့နယ်အခြေစိုက် ကန္တာရဝတီတိုင်းသတင်းဌာနမှ အယ်ဒီတာချုပ် မစိုးစိုးထက်က ပြောပါတယ်။

“ ဒီနေ့ညနေ (၆) နာရီလောက် ပြန်လွတ်လာတယ်။ ကယန်းပြည်သစ်ပါတီကလည်း ပါဝင်ကူညီပေးပြီး တောင်းဆိုပေးခဲ့တယ်။” လို့မစိုးစိုးထက်ကဆိုပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနေ့ကပြုလုပ်တဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ရဲတပ်ဖွဲ့ဝင်အင်အား (၄၀) ခန့်ပူးပေါင်းပါဝင်လာပြီး အဆိုပါ ရဲတပ်ဖွဲ့ဝင်တွေ အပြန်လမ်းမှာ ရဲမှူးတွေက လိုက်လံဖမ်းဆီးခဲ့တာကြောင့် ပြည်သူတွေက လာရောက်ဝန်းရံပြီး ဆန္ဒပြရဲတွေကို အကာအကွယ်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။


Author


က္က