နိုင်ငံခြားသား အကျဉ်းသား (၅၅)ဦးအပါအဝင် အကျဉ်းသား (၂၃၃၁၄)ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။

ဒီကနေ့ ပြည်ထောင်စုနေ့မှာတော့ နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား (၂)သောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း အာဏာသိမ်းစစ်အစိုးရက ဒီကနေ့မနက်မှာ နိုင်ငံပိုင်သတင်းစာများကနေ ကြေညာလိုက်ပါတယ်။



မြန်မာနိုင်ငံဟာ ​ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေချိန်မှာ အကျဉ်းသား၊အကျဉ်းသူတွေအနေနဲ့ တစ်ဖက်တစ်လမ်းကနေ အကျိုးပြုစေမယ့် နိုင်ငံသား ပြောင်းလဲစေရန် ရည်ရွယ်သလို ပြည်သူလူထုစိတ်နှလုံးချမ်းသားစေရန် လူသားချင်းစာနာထောက်နာထောက်ထားမှုကို ရှေးရှုပြီး အခုလို လွတ်ငြိမ်းချမ်းသားခွင့်ပေးလိုက်ခြင်းဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။



ဒီကနေ့မှာတော့ မြန်မာနိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်၊အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား (၂၃၃၁၄)ဦးကို လွတ်ငြိမ်းချမ်းသားခွင့်ပြုခဲ့တာဖြစ်ပြီး အဲဒီထဲမှာ နိုင်ငံခြားသား အကျဉ်းသား (၅၅)ဦးပါဝင်ခဲ့ပါတယ်။

ပုံစာ - ယနေ့ထုတ် ကြေးမုံသတင်းစာထဲမှ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ

အခုလွတ်ပေးလိုက်တဲ့ အကျဉ်းသားတွေက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်ကျူးလွန်ပါက အဆိုပါပြစ်မှုပြစ်ဒဏ်အပြင် လက်ရှိကျခံရန် ကျန်ရှိနေသေးတဲ့ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ အညီ လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်အစိုးရအနေနဲ့ အာဏာသိမ်းပြီး (၁၂)ရောက်မှာတော့ ပထမဆုံးအနေနဲ့ အခုလို အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။



က္က