အားလုံး ရဲတပ်ဖွဲ့ဝင် (၆၀)ကျော် ပူးပေါင်းပါဝင်လာပြီဖြစ်ပါတယ်။

ဒီကနေ့ ကယားပြည်နယ် လွိုင်ကော်မှာ သပိတ်ဆန္ဒပြပြည်သူတွေနဲ့အတူ ကယားရဲတပ်ဖွဲ့ဝင် (၇)ဦးထပ်မံပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။



ဒီကနေ့ ထပ်မံပူးပေါင်းပါဝင်တဲ့ ရဲ့တပ်ဖွဲ့ဝင် (၇)ဦးနဲ့ဆိုရင် ကယားပြည်နယ်မှာ ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းတဲ့ ရဲတပ်ဖွဲ့ဝင် အားလုံး အယောက် (၆၀)ကျော်သွားပြီဖြစ်တယ်လို့ ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုသိုက်က Duwun ကိုပြောပါတယ်။ “ ဒီနေ့ ထပ်ပြီး (၇)ဦးထပ်ပူးပေါင်းတယ်။ အခုဆို အားလုံး အယောက် (၆၀)ကျော်သွားပြီ။ ကယားမှာက ရဲတပ်ဖွဲ့ဝင်အားလုံး (၂၀၀)ကျော်ရှိတယ်။ အခု (၆၀)ကျော်ပူးပေါင်းပြီဆိုတဲ့ (၃)ပုံ (၁)ပုံထိပူးပေါင်းလာပြီပေါ့။ ပြည်သူနဲ့အတူ ပူးပေါင်းလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အန္တရာယ်မရှိအောင်လည်း ကျွန်တော်တို့ပြည်သူတွေက ဝိုင်းဝန်းပြီး ဆောင်ရွက်လျှက်ရှိပါတယ်”လို့ ကိုသိုက်က ပြောပါတယ်။



ကယားပြည်နယ် လွိုင်ကော်မြို့မှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေဟာ တစ်နေ့ထက်တစ်နေ့ လူအင်အားလျော့သွားတာမျိုးမရှိဘဲ တစ်နေ့ကို ဆန္ဒပြပြည်သူ အင်အား (၅)သောင်းအထက်မှာရှိတယ်လို့ သိရပါတယ်။ ဆန္ဒပြမှုပုံစံတွေကလည်း တစ်နေ့ထက်တစ်နေ့မတူညီနဲ့ ပုံစံတွေ ၊ ဖက်ရှင်တွေနဲ့ အားလုံးက ကိုယ့်အိုင်ဒီယာလေးတွေနဲ့ကိုယ် ဆန္ဒဖော်ထုတ်မှုတွေရှိလာတယ်လို့ ဆိုပါတယ်။ ကယားပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့က စပြီး ရဲ့တပ်ဖွဲ့အင်အား (၄၀)ကျော်က ဆန္ဒပြပြည်သူတွေနဲ့ ပထမဆုံး စတင်ပူးပေါင်းခဲ့ရာမှာ ယခုဆို အယောက် (၆၀)ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။



က္က