အသက်ရှုပိုက်ဖြတ်တာနဲ့ နာရီပိုင်းအတွင်းသေဆုံးနိုင်တယ်လို့ သိရပါတယ်။
Ei Ei Htun

နေပြည်တော်က ဆန္ဒပြပွဲမှာ သေနတ်မှန်ပြီး ဦးနှောက်သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကို အသက်ရှုပိုက်ဖြုတ်ဖို့ မိသားစုဝင်တွေက ဒီကနေ့မနက်ပိုင်းမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လူနာကက ICU ခန်းထဲမှာပဲရှိနေပြီး အသက်ရှုပိုက်ကို ဘယ်ချိန်ဖြုတ်မလဲဆိုတာတော့ မသိရသေးဘူးလို့ နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောပါတယ်။



“ သူ့မိသားစုဝင်တွေကတော့ ဆုံးဖြတ်လိုက်ပြီပေါ့နော်။ ပိုက်ဖြုတ်လိုက်ပြီဆိုရင်တော့ မိနစ်ပိုင်း ၊နာရီပိုင်းအတွင်းမှာ အသက်ရှုရပ်သွားမှာပေါ့။ ဦးနှောက်သေပြီးသားလူဆိုတော့ ပိုက်ဖြုတ်တာနဲ့ နှလုံးခုန်ရပ်သွားမှာပါ။ အခုထိတော့ ICUခန်းထဲမှာပဲ။ လူကြီးပိုင်းတွေစောင့်ကြည့်နေတယ်။ ဘယ်အချိန်ပိုက်ဖြုတ်မလဲဆိုတာတော့ မသိသေးဘူး”လို့ အဆိုပါ ဆရာဝန်တစ်ဦးက Duwun ကို ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ကိုတော့ ယခင်နေ့တွေကတည်းက အထူးကုဆရာဝန်ကြီးတွေအနေနဲ့ ဦးနှောက်သေဆုံးသွားတာဖြစ်လို့ သေဆုံးသူဟုသတ်မှတ်ထားပြီးလည်းဖြစ်ပါတယ်။ သက်ရှူပိုက်တပ်ဆင်ထားလို့သာ အသက်ရှင်နေတာဖြစ်ပြီး ပိုက်ကို ဖြုတ်လိုက်တဲ့အချိန်မှာတော့ နာရီပိုင်းအတွင်း နှလုံးခုန်ရပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

အသက်ရှုပိုက်ဖြုတ်ဖို့အတွက်ကိုတော့ မနေ့ကတည်းက စီစဉ်ထားပေမယ့် မိသားစုဆန္ဒအရ စောင့်ဆိုင်းနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီလ (၉)ရက်နေ့က နေပြည်တော်က ဆန္ဒပြမှုအတွင်းမှာ ဦးခေါင်းသေနတ်မှန်ခဲ့ရာကနေ ပြင်းထန်စိုးရိမ်လူနာအဖြစောင့်ကြည့်ကုသမှုပေးခဲ့ရသူလည်း ဖြစ်ပါတယ်။


Author


က္က