ဦးနေမျိုးကျော်က ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လည်ပိုင်းမှာ မကွေးမြို့ ကံသာကန်အနီးမှာစတင်ပြီး ဆန္ဒဖော်ထုတ်ခဲ့သူလည်းဖြစ်ပါတယ်။
Ye Yint Htay

မကွေးမြို့ဆန္ဒထုတ်ဖော်ပွဲတွေမှာ ရှေ့ဆုံးကဦးဆောင်နေတဲ့ ဦးနေမျိုးကျော်ကို လူတစ်စုက ဖမ်းဆီးသွားတယ်လို့ ၎င်းနဲ့နီးစပ်သူတွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၃ရက်နေ့ နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ပါတ်သတ်လို့ မကွေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးသန်းနိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။



"လွန်ခဲ့တဲ့၁နာရီခန့်က မကွေးမြို့ရဲ့ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ကိုနေမျိုးကျော်(မကွေးတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်း)ကို အရပ်ဝတ်ဝတ်ထားတဲ့လူတစ်စုကဆန္ဒပြအပြီးလူစုခွဲထွက်လာတဲ့ကိုနေမျိုးကျော်ရဲ့ဆိုင်ကယ်ကို မဲထီးလမ်းပေါ်မှာနောက်ကနေဝင်တိုက်ပြီး လဲကျသွားမှဝိုင်းပြီးဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။လတ်တလောအချိန်အထိဘယ်မှာဖမ်းဆီးထားတယ်လို့မသိရသေးပါဘူး။ ဒေသခံတွေရဲ့စကားအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးတာမဟုတ်ဘူးလို့ဆိုပါတယ်" လို့ ဦးသန်းနိုင်ကရေးသားထားပါတယ်။ 

ဦးနေမျိုးကျော်က ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လည်ပိုင်းမှာ မကွေးမြို့ကံသာကန်အနီးမှာစတင်ပြီး ဆန္ဒဖော်ထုတ်ခဲ့သူလည်းဖြစ်ပါတယ်။ "ဗိုလ်ချူပ်လမ်းနဲ့ မဲထီးလမ်းမှာဆိုင်ကယ်လဲပြီး တစ်ယောက်ပါသွားတယ်။ ပြီးတော့ ရဲတွေက မြန်မြန်မောင်းဆိုပြီးထွက်သွားပါတယ်။ရဲကား ငါးစီးလောက်ကြိုစောင့်ပြီး အရပ်ဝတ်ရဲက ဆိုင်ကယ်နဲ့ ရည်ရွယ်ချက်ရှိရှိ ဝင်တိုက် တန်းဆွဲခေါ်သွားတာပါ။ ဖြစ်သွားတာက ၃ မိနစ်တောင်မကြာဘူး လူတွေဝိုင်းအုံလာတာပုံရိုက်ချိန်မရလိုက်ဘူး" လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

မကွေးပို့စ်က ပေးပို့သောသတင်းဖြစ်ပါသည်။ 


Author


က္က