ဒေါ်အောင်ဆန်းစုကြည်က အိမ်အမှတ် A(၃၃) နဲ့ ဦးဝင်းမြင့်က အိမ်အမှတ် A(၂၉) မှာရှိနေတယ်လို့ သိရပါတယ်။
Ei Ei Htun

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ကျန်မာရေးကောင်းမွန်လျှက်ရှိနေကြောင်း သိရပါတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက Facebook စာမျက်နှာကတဆင့်ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ (၈)ဦးဟာ နေပြည်တော် အိမ်အမှတ် A(၃၃)မှာရှိနေပြီး ဦးဝင်းမြင့်နဲ့ မိသားစု (၁၀)ဦးဟာ အိမ်အမှတ်A(၂၉)မှာ ကျန်းမာရေးကောင်းမွန်စွာရှိနေတယ်လို့ ရေးသားဖော်ပြထားတာပါ။



ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို အာဏာစသိမ်းခဲ့တဲ့ဘဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းဖမ်းဆီးသိမ်းထားရာမှာ ဒီကနေ့နဲ့ဆို (၁၃)ရက်မြောက်နေ့ရှိပြီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း ဖမ်းဆီးခံခေါင်းဆောင်တွေကို ပြန်လည်လွှတ်ပေးဖို့ အင်တိုက်အားတိုက်ဆန္ဒပြတောင်းဆိုနေကြတာကလည်း (၈)ရက်မြောက်ရှိခဲ့ပါပြီ။

လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သလို ဒေါ်အောင်ဆန်းစုကို နေအိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေတွေ့ရှိရတဲ့အတွက်ကြောင့် သွင်းကုန်ပို့ကုန်အက်ဥပဒေနဲ့ တရားစွဲထားပြီး ဦးဝင်းမြင့်ကိုတော့ ရွေးကောက်ပွဲကာလတုန်းက NLDပါတီမဲဆွယ်ရေးယာဉ်တန်းတွေကို ကြိုဆိုနှုတ်ဆက်ခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။


Author


က္က