ကျောင်းသားတွေဟာ တက္ကသိုလ်ကနေ မြို့တွင်းကို ချီတက်ကာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။
Ye Yint Htay

ပြည်မြို့က ကျောင်းသူ၊ကျောင်းသားတွေက ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းမှာပြည်တက္ကသိုလ်ကို CDM တက္ကသိုလ်အဖြစ်သတ်မှတ်ကြေငြာလိုက်ပါတယ်။

ဒါကြောင့် ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကပြည်တက္ကသိုလ်ကျောင်းသားထုရဲ့ဆန္ဒဖြင့်ပြည်တက္ကသိုလ်ပင်မအဆောက်အဦအားချိတ်ပိတ်လိုက်ပြီးတံခါးမှာတော့ "စစ်အာဏာရှင်ယန္တရားရပ်တန့်ရေးအတွက် အချုပ်အခြာပိုင်ပြည်သူများ၏သဘောဆန္ဒအရ ဤအဆောက်အဦးကိုချိတ်ပိတ်လိုက်သည်"လို့ စာရေးသားချိတ်ဆွဲထားပါတယ်။



တက္ကသိုလ်ကို CDM အဖြစ်သတ်မှတ်ပြီးနောက် ကျောင်းသားတွေဟာ တက္ကသိုလ်ကနေ မြို့တွင်းကို ကျောင်းသားသပိတ်စစ်ကြောင်းချီတက်ကာ စစ်အာဏာရှင်ကိုအလိုမရှိကြောင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ပြည်တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေအနေနဲ့လည်း ခုလို CDM အဖြစ်သတ်မှတ်လိုက်တဲ့အပေါ် လက်ခံသဘောတူကြောင်း ပြောဆိုပါတယ်။ လက်ရှိအချိန်ထိတော့ ပြည်တက္ကသိုလ်ရဲ့ CDM ပါဝင်မှုမှာ ပါမောက္ခချူပ်နဲ့ ဌာနမှူးတစ်ချို့ ပါဝင်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


Author


က္က