ပန်းတိုင်ရောက်စေမည့် ကြွေးကြော်သံများကိုသာ အာရုံစိုက်ပံ့ပိုးပေးကြရန်လိုဟု ဆိုပါတယ်။
Mi Thawdar Aung

အသံချဲ့စက်တွေ အသုံးပြုပြီး သီချင်းတွေ ဖွင့်ကာ လှည့်ပတ်သွားလာခြင်းက ကြွေးကြော်သံတွေကို အနှောက်အယှက်ဖြစ်စေနိုင်တာကြောင့် အသံချဲ့စက်တွေ ကျယ်လောင်စွာ ဖွင့်တာမျိုးမလုပ်ကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ မိမိတို့ လိုလားတဲ့ ရည်မှန်းချက်ပန်းတိုင် မရောက်သေးတာကြောင့် မိမိတို့လိုချင်သော ပန်းတိုင်ရောက်စေမည့် ကြွေးကြော်သံများ ကိုသာ အာရုံစိုက်ပံ့ပိုးပေးကြပါရန် ကိုလည်း ပန်ကြားအပ်တယ်လို့ ဆိုပါတယ်။ သံရုံးများရှေ့ ဆန္ဒပြပြည်သူများအနေဖြင့် အထိုင်သပိတ်များပြုလုပ်ခြင်း၊ နိုင်ငံတကာမှ တွေ့မြင် နားလည်နိုင်မည့် စာသားများ၊ ကြွေးကြော်သံများဖြင့်သာ ဆန္ဒထုတ်ဖော်ကြဖို့ကိုလည်း ၈၈ မျိုးဆက်က ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။



ဆန္ဒထုတ်ဖော်ရာတွင် စစ်အာဏာရှင်အလိုမရှိကြောင်း၊ CDM ပူးပေါင်းပါဝင်ရေး၊ စစ်တပ်၏ အကျိုး စီးပွားဖြစ်သောလုပ်ငန်းများအားလုံးတို့ကို မသုံးစွဲကြပဲဒဏ်ခတ်ခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ခြင်း သည် ထိရောက်သောနည်းလမ်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁ တွင် CDM သည်အရေး ကြီးပြီး အဓိကအားဖြင့် အာဏာသိမ်းအစိုးရကို အကျိုးပြုစေမည့် ဌာနများအားလုံးပါဝင်ကြပါရန် နှိုးဆော်ခဲ့ပါတယ်။

ဘဏ်လုပ်ငန်း များ၊ DICA (ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန)၊ အခွန်ဦးစီးဌာန၊ စည်ပင်ရုံးများ စသည်ဌာန များသည် CDM တွင်ပူးပေါင်းပါဝင်ကြဖို့နဲ့ နိုင်ငံ့ဝန်ထမ်းများ အားလုံး ငြိမ်းချမ်းစွာ ပါဝင်နိုင်ရန်၊ ဝိုင်းဝန်း ကူညီကြပါရန် နှင့် ပညာရေး ဝန်ထမ်းများစသဖြင့် နိုင်ငံဝန်ထမ်း များအားလုံး CDM တွင်ပါဝင်ပူးပေါင်း ကြဖို့ကိုလည်းမေတ္တာရပ်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။


Author


က္က