နိုင်ငံရေးခေါင်းဆောင်များ၊ လှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနဲ့ နိုင်ငံရေးသမားအား ဖမ်းဆီးနေခြင်းကို အတိအလင်း ကန့်ကွက်ရှုတ်ချထားပါတယ်။

မြန်မာနိုင်ငံမှာ ရှိနေတဲ့ သံရုံး ၁၄ ရုံးမှ သံအမတ်ကြီးများက ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) မှာ ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဆိုပါကြေညာချက်ထဲမှာ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကို ရှာဖွေနေကြတဲ့ မြန်မာပြည်သူလူထုကို ထောက်ခံအားပေးကြောင်းနဲ့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြောင်း သံအမတ်ကြီးများက ပြောထားပါတယ်။



"၎င်းတို့၏တရားဝင်အစိုးရဖြုတ်ချခံရခြင်းအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ဆန္ဒပြသူများနှင့်အရပ်သားပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို မိမိတို့တောင်းဆိုပါသည်။ နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ဆက်လက်ဖမ်းဆီးနေခြင်းကို မိမိတို့အနေဖြင့် ပြတ်ပြတ်သားသားအတိအလင်း ကန့်ကွက်ရှုတ်ချပါသည်။ စစ်တပ်က ဆက်သွယ်ရေးစနစ်ကိုကြားဖြတ်နှောင့်ယှက်ခြင်းအပြင် မြန်မာနိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်များနှင့် ဥပဒေအရအကာအကွယ်ပေးထားသည့်အခြေခံအခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်ခြင်းအတွက်လည်း မိမိတို့ လူသိရှင်ကြားကန့်ကွက်ရှုတ်ချပါသည်။" လို့လည်း အဆိုပါထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဆိုပါကြေညာချက်ကို ကနေဒါ၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်နိုင်ငံ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။



က္က