လတ်ရှိမှာတော့ သင်္ဃန်းကျွန်းဘဏ်ရိပ်သာမှာ ပြည်သူတွေနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။
Ye Yint Htay

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကာ CDM လုပ်နေတဲ့ သင်္ဃန်းကျွန်းဘဏ်ရိပ်သာမှ ဘဏ်ဝန်ထမ်းတွေကို ရဲတပ်ဖွဲ့က အင်အားအမြောက်အများနဲ့ လာရောက်ခြိမ်းခြောက်ပြီး အလုပ်ဆင်းဖို့ဖိအားပေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

သင်္ဃန်းကျွန်း၊ BOC မှတ်တိုင်အနီးက ဘဏ်ဝန်ထမ်းရိပ်သာကို ရဲကား(၇)စီးအင်အားအပြည့်နဲ့လာဝိုင်းတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက လမ်းပိတ်တားဆီးပြီးကာကွယ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရဲတပ်ဖွဲ့က ဝန်ထမ်းတွေရုံးတက်ဖို့အတွက်ကို ရပ်ကွက်ကလမ်းပိတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘဏ်ရိပ်သာအိမ်ရာအတွင်းကို တိုးဝင်ခဲ့ပြီး ဝန်ထမ်းတွေနဲ့တွေ့ဆုံခဲ့ရာမှာတော့ ဝန်ထမ်းတွေက CDM လုပ်ထားတဲ့အတွက် ရုံးမတက်လိုကြောင်းပြောခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။ 



"ရဲတွေကကျွန်တော်တို့ကို သူတို့ဝန်ထမ်းတွေရုံးသွားချင်တာကို ပိတ်ထားတယ်ဆိုပြီးပြောတယ်။ ပြီးတော့ ဝန်ထမ်းတွေကိုဆီကို အတင်းဝင်သွားတယ်။ ကျွန်တော်တို့လည်းအနောက်ကလိုက်သွားတော့ ဝန်ထမ်းတွေကိုယ်တိုင်က CDM လုပ်ထားတဲ့အတွက် အလုပ်မဆင်းချင်ဘူးလို့ ပြန်ပြောတော့ မှတ်တမ်းယူပြီး ပြန်သွားကြတယ်။" လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ 

ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ ပုဂ္ဂလိကဘဏ်တွေအားလုံးနီးပါး ဝန်ထမ်းတွေ CDM မှာပူးပေါင်းပါဝင်ကာရုံးမလာတဲ့အတွက်ပိတ်ထားရပြီး အစိုးရဘဏ်ဝန်ထမ်းအများစုလည်းအလုပ်မလာတဲ့အတွက်အိမ်တိုင်ရာရောက်လာရောက်ခေါ်ဆောင်မှုတွေလည်းဖြစ်ပွားနေပါတယ်။ လတ်တလောအခြေအနေမှာတော့ သင်္ဃန်းကျွန်းဘဏ်ရိပ်သာမှာ ပြည်သူတွေနဲ့ဝန်ထမ်းတွေပူးပေါင်းပြီး ဆန္ဒဖော်ထုတ်နေကြတယ်လို့ သိရပါတယ်။ 


Author


က္က