ဒီနေ့မှာလည်း မြစ်ကြီးနား လူထုက ပုံမှန်အတိုင်း ဆက်လက်ဆန္ဒဖော်ထုတ်နေတယ်လို့ သိရပါတယ်။
Htar Htar Wai

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်မှာရှိတဲ့ ဘူးဂါးမလိလျှပ်စစ်ဓာတ်အားခွဲရုံအနီး မနေ့ညက ဖြစ်ပွားခဲ့တဲ့ အင်အားသုံးဖြိုခွင်းမှုမှာ လူသေဆုံးမှုမရှိခဲ့ပေမယ့် ဒဏ်ရာရရှိသူ ၊ ဖမ်းဆီးခံရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်(PCG)နဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းခဲ့ပြီးတဲ့နောက်မှာတော့  ဖမ်းဆီးခံရသူ ၇ဦးသူကို ဒီနေ့မနက်မှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ မြစ်ကြီးနားဒေသခံ တစ်ဦးဖြစ်သူ ကိုဇော်ရိန်က Duwun ကို ပြောပါတယ်။



Photo-Zau Ring (ဖေဖော်ဝါရီ ၁၄ရက်ည မြစ်ကြီးနားမြို့က အင်အားသုံးဖြိုခွင်းမှု)

" ညက နှစ်ခါဖြိုခွင်းတယ်။ဖြိုခွင်းမှုနှစ်ခုက တစ်နာရီခွဲလောက်ကြာတယ်။ ရေကားနဲ့ဖြန်းတယ်။ ကျည်နဲ့ ပစ်တယ်။မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တာလည်းရှိတယ်။ ညက ဖမ်းတာက ကျွန်တော်တို့ရုံးကသူတွေအပါ စုစုပေါင်း မီဒီယာသမားက ငါးယောက်။ နောက်ပြီး ကျွန်တော်ပြေးနေတုန်း ဘေးကပြေးတဲ့ ကောင်လေးရော နောက်ပြီး ကျွန်တော်တို့ရုံးက Live လွှင့်တာကို ဘေးမှာလာရပ်ကြည့်တဲ့ အဘိုးကြီးတစ်ယောက်လည်း အဖမ်းခံရတယ်။ ညကအဖမ်းခံရတာ အားလုံး ၇ ယောက်ပါ။ မြစ်ကြီးနားက PCG က မနေ့ညက လိုက်ရှာကြသေးတယ်။ ရဲတွေကလည်း သူတို့ဖမ်းထားတာ မဟုတ်ကြောင်း ပြောတယ်။ ဒီမနက်တော့ PCG ရဲ့ အကူအညီနဲ့ အားလုံးပြန်လွတ်လာတယ်။ လူသေတာတော့ မကြားမိဘူး။ ခြေထောက်မှာ ကျည်ထိတာတွေ ၊ ဒဏ်ရာရသူတွေတော့ များတယ် " လို့ မြစ်ကြီးနားဒေသခံတစ်ဦးဖြစ်သူ ကိုဇော်ရိန်က Duwun ကို ပြောပါတယ်။

Photo-Zau Ring (ဖေဖော်ဝါရီ ၁၄ရက်ည မြစ်ကြီးနားမြို့က အင်အားသုံးဖြိုခွင်းမှု)

ဒီနေ့မှာတော့ မြစ်ကြီးနားမြို့ပေါ်မှာ တင့်ကားတွေ ၊ စစ်ယာဉ်တန်းတွေက မြန်မာနိုင်ငံ အခြားမြို့များနည်းတူ သွားလာလျက်ရှိပေမယ့် လူထုကလည်း ပုံမှန်အတိုင်း ဆက်လက်ဆန္ဒ ဖော်ထုတ်နေပြီး အင်အားလျော့သွားခြင်း မရှိဘူးလို့သိရပါတယ်။ မနေ့ညက မြစ်ကြီးနားဖြစ်စဉ်ကတော့ မန်ခိန်ရပ်ကွက်မှာရှိတဲ့ ဘူးဂါးမလိလျှပ်စစ်ဓာတ်အားခွဲရုံအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ရက်ကစတင်ပြီး စစ်သားတွေ ဝင်ရောက်နေတာကြောင့် ပြန်လည်ထွ က်ခွာဖို့ လူထူကတောင်းဆိုရာကနေ လူထူအင်အားများပြားလာတဲ့အတွက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး လူစုခွဲခဲ့တာ ဖြစ်ပါတယ်။


Author


က္က