စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းကို ရွှေဝါရောင်တော်လှန်ရေးသံဃာတော်များ ဦးဆောင်ကာ နိုင်ငံရေးအကျဉ်းသားတွေပါဝင်တဲ့ အဖွဲ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြခဲ့ပါတယ်။
Ei Ei Htun

ရွှေဝါရောင်တော်လှန်ရေးသံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ နိုင်ငံအတွင်း အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အတွေ့အကြုံများစွာရှိတဲ့သူတွေဖြစ်တာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမငြိမ်းချမ်းမှုမှာလည်း စစ်အာဏာသိမ်းကောင်စီအနေနဲ့ ပြည်သူလူထုကို အကြမ်းဖက်မသတ်ဖြတ်ဖို့ ရွှေဝါရောင်တော်လှန်ရေးမှ သံဃာတစ်ပါးက တောင်းဆိုခဲ့ပါတယ်။ 

“ ဦးဇင်းတို့တိုင်းပြည်ရဲ့ အာဏာရှင်ဆိုတာ စစ်ဘီလူးတွေဖြစ်တယ်။ သူတို့ရဲ့ အကြမ်းဖက်မှုတွေက ငြင်သာမှာမဟုတ်ဘူး။ ပျော့ပျောင်းမှာ မဟုတ်ဘူး။ ဒါကတွက်ဆပြီးသားပါပဲ။ သို့သော်လည်းပဲ အခုလိုမျိုး ကိုယ့်ပြည်သူပြည်သားတွေကိုပဲ အကြမ်းဖက်ဖြိုခွင်းလာရင် သေနတ်နဲ့ ပစ်သတ်တဲ့ ကိစ္စတွေ ဒါက မတရားမှုဖြစ်တယ်။ မိမိရဲ့ အသက်အိုးအိမ်စည်းစိမ်တစ်ခုအတွက်နဲ့ ပြည်သူလူထုကို မသတ်ပါနဲ့"လို့ သံဃာတော်က မိန့်ကြားခဲ့တာဖြစ်ပါတယ်။



လက်ရှိ နိုင်ငံရေးအခြေအနေနဲ့တွေနဲ့ ပတ်သက်လို့ ဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူတွေကို မန္တလေးနဲ့ နေပြည်တော်အပါအဝင် တခြားမြို့တွေမှာလည်း ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေရှိနေတာကြောင့် အခုလိုတောင်းဆိုခဲ့တာလည်းဖြစ်တယ်လို့ဆိုပါတယ်။ 

ဒီကနေ့မှာတော့ ရွှေဝါရောင်တော်လှန်ရေးသံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ ဗဟန်းမြို့နယ်ရှိ (၅)ထပ်ကြီးဘုရားရှေ့ကနေ UN ရုံးရှေ့ထိ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ဟာ စစ်အာဏာသိမ်းပြီး (၁၆)ရက်နေ့မြောက်နေ့ရှိပြီဖြစ်လို ပြည်သူတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေကလည်း (၁၁)ရက်တိုက်ရှိခဲ့ပြီး နိုင်ငံအနှံ့ဆန္ဒပြပွဲတွေလုပ်နေကြတာကိုလည်းမြင်တွေ့ရပါတယ်။


Author


က္က