ရုံးတက်နေတဲ့ ဝန်ထမ်းတွေကို CDMမှာပါဝင်ဖို့ တွန်းအားပေးတောင်းဆိုနေကြတာပါ

ပြည်မမြို့ကအာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေတဲ့ အထွေထွေသပိတ်ဟာ စည်ပင်ရုံး၊ မြန်မာ့စီးပွါးရေးဘဏ်အပါအဝင် အစိုးရရုံးတွေရှေ့ကို လှည့်ပြီး ဝန်ထမ်းတွေ CDM မှာပါပေးဖို့ကို ဖိအားပေးတောင်းဆိုမှုတွေ လုပ်လာကြပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ ပြည်မြို့မှာ အထွေထွေ သပိတ်ဆင်နွဲနေမှု ၁၁ ရက်ရှိပြီဖြစ်ပါတယ်။ ဆန္ဒပြ သပိတ်စစ်ကြောင်းတွေအနေနဲ့ အဖွဲ့အစည်းပေါင်းစုံပါဝင်လာပြီး ၊ ကျောင်းသားတွေပါဝင်တဲ့အထွေထွေသပိတ်ကြီးကတော့ အစိုးရဝန်ထမ်းတွေ CDM မှာပါဝင်အောင် စည်းရုံးမှုတွေနဲ့ ရုံးအရှေ့မှာ ထိုင်သပိတ်လုပ်ပြီးတောင်းဆိုတာတွေလုပ်နေကြတာဖြစ်ပါတယ်။



ပြည်မြို့က မြန်မာစီးပွားရေးဘဏ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊လ.ဝ.က ရုံး၊က.ည.န ရုံး၊အခွန်ဦးစီးဌာန တွေက CDM ပါဝင်ခြင်းမရှိသေးသလို ပါဝင်မယ့်သူတွေကိုလည်းဖိအားပေးတာတွေရှိနေပါတယ်။ စည်ပင်ဌာနကဝန်ထမ်းတချို့ သာ CDMမှာ ပါဝင်နေပြီး အဲ့ဒီ ပါဝင်သူတွေကိုလည်း ဖိအားပေးတာတွေရှိနေတာကြောင့် စည်ပင်ရုံးရှေ့မှာ ပါဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒီကနေ့ ပြည်မြို့ရဲ့  ဆန္ဒပြလူဦးရေဟာ သိန်းဂဏန်းအထိ ရှိနေပါတယ် ။



က္က