ကား (၄)စီးပျက်စီးကာ လူတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဗဟန်း (၃)လမ်း မီးပွိုင့်အနီးမှာ မီးပွိုင့်မိလို့ရပ်ထားတဲ့ ကားများကို သင်္ကန်းဝတ်နဲ့ အရပ်သား(၁၀)ဦးခန့်က ကားမှန်တွေကို သံတုတ်တွေနဲ့ ရိုက်ခွဲဖျက်ဆီးမှုပြုလုပ်ခဲ့ကြပါတယ်။ 

ကားမှန်တွေကို တုတ်နဲ့ရိုက်သလို ကားပေါ်ကလူတွေကိုလည်း လက်သီးတွေနဲ့ထိုးခဲ့တယ်လို့ သိရပါတယ်။ သံတုတ်တွေနဲ့ ရိုက်ခဲ့တာကြောင့် ကား (၄)စီးလောက် မှန်ကွဲပျက်စီးမှုတွေရှိခဲ့ပြီး လူတစ်ဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်။



“ ညီမတို့ကားတွေအကုန်လုံးက မီးပွိုင့်မိလို့ရပ်နေတာ။ အဲဒီချိန်မှာ ဘေးကကျောင်းထဲကနေ ဘုန်း(၃)ပါးလောက်နဲ့အရပ်ဝတ်နဲ့လူ (၇)ယောက်လောက် ထွက်လာပြီး ရှေ့ကကားနှစ်စီးကို အရင်ရိုက်တာ။ ရှေ့ကကားအမဲကို အရှေ့မှန်ကွဲပြီး ညီမအဖေကကားပေါ်ကအော်လိုက်တော့ လူနှစ်ယောက်က ညီမတို့ဆီလာပြီးကားတံခါးအတင်းဖွင့်ပြီးတော့အဖေ့ကိုလည်းထိုးသွားတာ”လို့ ဖြစ်စဉ်အတွင်းမျက်မြင်သက်သေတစ်ဦးက Duwun ကိုပြောပါတယ်။

တချို့မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ သံတုတ်တွေနဲ့ရိုက်သလို လေးခွတွေနဲ့လည်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ယခုဖြစ်စဉ်အတွင်း ကား(၄)စီးခန့် ရှေ့မှန် ၊နောက်မှန်နဲ့ ကားတံခါးမှန်တွေ ပျက်စီးခဲ့ပါတယ်။ လက်ရှိမှာ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။



က္က