မသန်စွမ်းသူတစ်ဦး အကြမ်းဖက်ဖြိုခွင်းခံရပြီး မသန်စွမ်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖမ်းဆီးခံထားရပါတယ်။
Htar Htar Wai

အာဏာသိမ်းမှုဖြစ်စဉ်အပြီး လက်ရှိမြန်မာနိုင်ငံရဲ့ မြို့အနှံ့အပြားက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေမှာ မသန်စွမ်းသူတွေကလည်း ငြိမ်းချမ်းစွာ ပါဝင် ဆန္ဒဖော်ထုတ်ကြပါတယ်။

ဒါပေမယ့်လည်း မသန်စွမ်းသူတွေအပါအဝင် အခြားဆန္ဒဖော်ထုတ်သူများပါ အကြမ်းဖက်ဖြိုခွင်း ခံနေရသလို မသန်စွမ်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုပါ ဖမ်းဆီးထိန်းသိမ်း ထားတာကြောင့် အရပ်ဘက်အဖွဲ့အစည်း ၁၂၇ခုက သူတို့ရဲ့ သဘောထားကို ဒီနေ့ ထုတ်ပြန်ကြေညာလိုက်တာပါ။



" ရုပ်အားဖြင့်ရော စိတ်အားဖြင့်ရော မသန်စွမ်းသူတွေဟာ ပြန်လည်ခုခံနိုင်စွမ်းမရှိဘူး။ဒီလိုလူတွေကို အကြမ်းဖက်ဖြိုခွင်းတာမျိုး လုံးဝလက်မခံဘူး။မသန်စွမ်းသူအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲတာကို ဆက်လက်မလုပ်ဖို့ ကြေညာပါတယ် " လို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းက Duwun ကို ပြောပါတယ်။

မသန်စွမ်းအဖွဲ့အစည်းများနဲ့ အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် စုစုပေါင်း ၁၂၇ဖွဲ့က ဒီနေ့ သူတို့ရဲ့ သဘောထားကြေညာချက်မှာ မသန်စွမ်းသူများအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် သူများကို အကြမ်းဖက်ဖြိုခွင်ခြင်းလုံးဝ(လုံးဝ)ထပ်မံမပြုလုပ်ရန် ၊ မသန်စွမ်းသူများအပါအဝင် မတရားဖမ်းဆီးထားသူတွေကို ချက်ခြင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အထက်ပါဖြစ်ရပ်တွေကို ကျူးလွန်တာဟာ မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(UNCRPD)၊ မြန်မာနိုင်ငံမသန်စွမ်း သူများ၏ အခွင့်အရေးဥပဒေပါ ပြဌာန်းချက်တွေနဲ့ အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ရာရောက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁၅ရက်၊ မန္တလေးတိုင်းဒေသကြီး အကြမ်းဖက်ဖြိုခွင်းခံရမှုဖြစ်စဉ်မှာ ဉာဏ်ရည်နဲ့ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦး ပါဝင်ခဲ့သလို ဖေဖော်ဝါရီ ၁၆ရက်မှာလည်း ဧရာဝတီတိုင်း ဒေသကြီး ၊အိမ်မဲမြို့နယ်က မသန်စွမ်းလွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။


Author


က္က