ဗဟိုမီးသတ်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးအများအပြားယူထားတယ်လို့ သိရပါတယ်။

ပြည်မြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒရာမှာပါဝင်တဲ့အတွက် ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းတစ်ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်းနဲ့ မြို့လယ်ဗဟိုမီးသတ်ရုံးထဲမှာ ထားရှိတယ်လို့ ပြောဆိုခေါ်ဆောင်တာကြောင့် လူထုက ထိုနေရာမှာ အထိုင်သပိတ်ပြုလုပ်တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ကိုသန့်စင်ထွန်းကို ဒီကနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) နေ့လယ် ၃ နာရီခန့်မှာ ရဲတပ်ဖွဲ့ကဖမ်းဆီးထားတာပါ။ ယင်းအချိန်ကတည်းက လူထုနဲ့ ကျောင်းသားတွေဟာ ပြည်ခရိုင်ရဲတပ်ဖွဲ့ရုံးအရှေ့ကိုသွားရောက်ပြီး အထိုင်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။



တရားရုံးအရှေ့မှာ လူထုက ကိုသန့်စင်ထွန်းပြန်လွှတ်ပေးဖို့တောင်းဆိုနေစဥ်

ညနေပိုင်းမှာတော့ ရဲတပ်ဖွဲ့က ကိုသန့်စင်ထွန်းကို ပြန်လွှတ်ပေးမယ်ဟုဆိုကာ ပြည်မြို့အလယ် ဗိုလ်ချုပ်ကျောက်ရုပ်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးအများပြားရယူထားတဲ့ ဗဟိုမီးသတ်ရုံးအရှေ့ကိုခေါ်ဆောင်တာကြောင့် လူအုပ်ကြီးက ဗဟိုမီးသတ်ရုံးရှေ့ကို ရောက်ရှိတာပါ။

"ဗဟိုမီးသတ် ဒီထဲမှာ သန့်စင်ထွန်းရှိတယ်လို့ သူ့အဖေကို ပြောတယ်လို့ သိရတယ်။ အထဲကိုဝင် ညှိနှိုင်းတဲ့ ရှေ့နေကပြောတော့ အထဲမှာ မရှိဘူးပြောတယ်။ သူတို့က ည ၈ နာရီအထိကို စောင့်ပြီး ဖြိုခွဲဖို့ကြံစည်နေတာလည် းဖြစ်နိုင်တယ်" လို့ ပြည်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာပြည်သူလူထုကတော့ ဗဟိုမီးသတ်ဌာန အနီးမှာ အထိုင်သပိတ် ပြုလုပ်တောင်းဆိုနေကြပါတယ်။ အဲ့ဒီနေရာမှာတော့ ရဲတပ်ဖွဲ့နဲ့စစ်တပ်က လုံခြုံရေးအများအပြားရယူထားတဲ့နေရာဖြစ်ပါတယ်။ ကိုသန့်စင်ထွန်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မ ၂၅ နဲ့ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ လတ်တလောသတင်းတွေအရသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က