မနက် (၁၁) နာရီ (၁၅) မိနစ်ဝန်းကျင်မှာတော့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော် ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်ကို မှုခင်းဆရာဝန်ကြီးက ဒီကနေ့ ညနေ (၃) နာရီမှာ ရင်ခွဲစစ်ဆေးမှု ပြုလုပ်မှာ ဖြစ်တယ်လို့ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောပါတယ်။

“ မှုခင်းဆရာဝန်ကြီးကတော့ ရင်ခွဲစစ်ဆေးရမှာပါ။ အဲဒီအခါကျရင် တွေ့ရှိချက်ထွက်လာမယ်။ သက်သေခံကျည်ဆံကိုတော့ ရဲဆေးစာနဲ့ ရဲလက်ကို အပ်မှာပါ။ "“လို့ အဆိုပါ ဆရာဝန်က Duwun ကို ပြောပါတယ်။ မိသားစုဝင်တွေရဲ့ ခွင့်ပြုချက်ကြောင့် မမြသွဲ့သွဲ့ခိုင်ကို ဒီကနေ့ ဖေဖော်ဝါရီ (၁၉) ရက်မနက်မှာပဲ အသက်ရှုပိုက်ကို ဖြုတ်ခဲ့ပြီး မနက် (၁၁) နာရီ (၁၅) မိနစ်ဝန်းကျင်မှာတော့ သေဆုံးသွားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။



ဖေဖော်ဝါရီလ (၉) ရက်နေ့က နေပြည်တော် သပြေကုန်းအဝိုင်းအနီးမှာ ပြုလုပ်ခဲ့တဲ့စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းမှာ ကျည်ထိမှန်သွားခဲ့တာဖြစ်ပါတယ်။ မမြသွဲ့သွဲ့ခိုင်ကို နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှာ အရေးပေါ် ကုသမှုပေးခဲ့ပြီး ဦးခေါင်းထဲ ကျည်ဆံထိမှန်မှုကြောင့် လူနာဟာ ဦးနှောက်သေဆုံးမှု (Brain Death) ရရှိသွားခဲ့ပြီး အသက်ရှုစက်နဲ့ အသက်ဆက်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် မိသားစုဝင်တွေက အသက်ရှုစက်ဖြုတ်ဖို့ ခွင့်ပြုခဲ့ပြီးနောက် ဒီကနေ့မှာတော့ မမြသွဲ့သွဲ့ခိုင် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ နေပြည်တော် အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်မှာ မမြသွဲ့သွဲ့ခိုင်အပါအဝင် လူအများအပြားဒဏ်ရာတွေ ရရှိခဲ့ပြီး မမြသွဲ့သွဲ့ခိုင်ကတော့ အခြေအနေဆိုးရွားခဲ့ပြီး သေဆုံးသွားခဲ့ရပါတယ်။



က္က