ယခင်ရေးဆွဲတဲ့ We Want Democracy စာသားကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို ထောက်ခံကြောင်း စာတန်းကို ပြည်မြို့က ပြည်သူတွေစုပေါင်းကာ လမ်းမပေါ်မှာရေးဆွဲခဲ့ကြပြီး ဒီစာသားကို လာရောက်ဖျက်ဆီးမယ့်သူတွေအတွက် ကျိန်စာတိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

WE ACCEPT CRPH စာတန်းကို ပြည်မြို့က ခေတ္တရာပန်းခြံရှေ့မှာ ဒီနေ့ ဖေဖော်ဝါရီ (၁၉) ရက်မနက်ပိုင်းမှာ ရေးဆွဲခဲ့တာဖြစ်ပြီး စာတန်းရေးဆွဲချိန်မှာလည်း ပြည်မြို့က အနုပညာ ချစ်သူတွေ ၊ ပြည်သူတွေ လာရောက်ဝန်းရံပြီး အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။



" CRPH ကို ကြိုဆိုတယ်။ထောက်ခံကြောင်း နိုင်ငံတကာသိအောင် ရေးဆွဲတာ။ပထမတစ်ကြိမ် အဖွဲ့တစ်ခုက ပြည်တက္ကသိုလ်ရှေ့မှာ We Want Democracy လို့ ရေးဆွဲခဲ့တဲ့စာသားကို ညတွင်းချင်း ဖျက်ခဲ့တာရှိတယ်။ ဒါကြောင့် ခုတစ်ခါ ပြည်သူတွေက ဒီစာကိုဖျက်မယ့်သူတွေ အသေဆိုးနဲ့သေပါစေဆိုပြီး ကျိန်စာတိုက် ခဲ့ကြတယ် " လို့ စာတန်းရေးဆွဲမှုမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

ပြည်မြို့မှာ စစ်အာဏာရှင်ဆန်ံကျင်ရေး လှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီၤ (၁၇)ရက်ကလည်း ပြည်မြို့ တက္ကသိုလ်ရှေ့မှာ We Want Democracy စာသားကို ရေးဆွဲခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စာတန်းကို ညတွင်းချင်း လာရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။



က္က