ရုံးတက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ CDM ကို အချိန်မီပူးပေါင်းစေလိုတယ်လို့ ဆိုပါတယ်။
Mi Thawdar Aung

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေတဲ့အစိုးရဝန်ထမ်းတွေရဲ့ CDM ကို မပူးပေါင်းတဲ့ဝန်ထမ်းတွေကို ပြည်သူ့အစိုးရအာဏာပြန်ရချိန်မှာ အလုပ်က နုတ်ထွက်စေခြင်းအပြင် အရေးယူမှုတွေလုပ်ဖို့ အစိုးရကို တွန်းအားပေးမှာ ဖြစ်တယ်လို့ ပြည်မြို့ခံ ဆန္ဒပြပြည်သူတွေက ပြောလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၁၉) ရက်မှာ ပြည်မြို့ဒေသခံတွေဟာ မြန်မာ့စီးပွားရေးနဲ့ အင်းဝဘဏ်က ဝန်ထမ်းတွေ၊ စည်ပင်ရုံးက ဝန်ထမ်းတွေ CDM ကိုပါဝင်လာအောင် ဘဏ်တွေရှေ့၊ ရုံးတွေရှေ့မှာ သွားရောက်တောင်းဆိုခဲ့ပြီး ရုံးတက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ CDM ကို အချိန်မီပူးပေါင်းစေလိုတယ်လို့ တိုက်တွန်းပြောဆိုခဲ့ကြတာပါ။



ဒါ့အပြင် မနေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ပြည်မြို့က ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ကိုသန့်စင်ထွန်းကိုပြန်လွှတ်ပေးဖို့အပါအဝင် အာဏာရှင်ကျဆုံးဖို့ အတွက် ကျောင်းသသပိတ်စစ်ကြောင်းက ပြည်မြို့အကျဉ်းထောင်အရှေ့ကိုသွားရောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပြည်မြို့ရဲ့ အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ကိုသန့်စင်ထွန်းကို ရဲတပ်ဖွဲ့က မနေ့တုန်းက ဖမ်းဆီးသွားခဲ့ပြီး အခုချိန်အထိ ဘယ်မှာ ဖမ်းဆီးထားသလဲဆိုတာကို အတိအကျမသိရသေးပါဘူး။

ဒီကနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ ပြည်မြို့ရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေမှာ ကျောင်းသားသပိတ်စစ်ကြောင်း၊ ပြည်မြို့စည်ပင်သာယာရေးဈေးကြီးမိသားစုတွေနဲ့ သီးခြားသပိတ်စစ်ကြောင်းတွေ ပါဝင်ခဲ့ပြီး အာဏာရှင်ကျဆုံးရေး၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ ကျောင်းသားခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


Author


က္က