သမဂ္ဂကျောင်းသားတွေဖြစ်တဲ့ ကိုသာထက်အောင်နဲ့ ကိုဝေဖြိုးဟိန်းကို ယခုလ ၆ ရက်နေ့မှာ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။

ပခုက္ကူမြို့မှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ကဖမ်းဆီးထားတဲ့ ကျောင်းသားနှစ်ဦးကို ဒီနေ့မှာပဲ Video Conference နဲ့ရုံးထုတ်ခဲ့တယ်လို့ အမှုမှာလိုက်ပါကူညီဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းအိမွန်စံက မကွေးပိုစ့်ကို ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သမဂ္ဂကျောင်းသားတွေဖြစ်တဲ့ ကိုသာထက်အောင်နဲ့ ကိုဝေဖြိုးဟိန်းကို ယခုလ ၆ ရက်နေ့မှာ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။ စတင်ဖမ်းဆီးစဉ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ဒီနေ့ရုံးချိန်းမှာတော့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ပါ ထပ်တိုးအမှုဖွင့်ထားတယ်လို့ ဒေါ်နန်းအိမွန်ကပြောပါတယ်။



ဓာတ်ပုံ - မကွေးပို့စ်

“ဒီနေ့ဝန်းရံပြည်သူက အရမ်းများတော့ Video Conference နဲ့ပဲ လုပ်လိုက်ကြတယ်။ ရုံးကိုတော့ ထုတ်မလာဘူး၊ ကျွန်တော်တို့လဲ အခုချိန်ထိတော့ FIR ကြည့်ခွင့်မရသေးဘူး၊ Video Conference နဲ့လုပ်ကြတယ်၊ အပြစ်ရှိလားမေးတော့ ကျောင်းသားတွေက မရှိဘူးလို့ ပြန်ဖြေကြတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းအိမွန်စံကပြောပါတယ်။ 

ယင်းအမှုကို နောက်လ ၅ ရက်နေ့မှာ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပြီး တရားလိုနှင့် တရားလိုပြသက်သေတွေကို စစ်ဆေးသွားမယ်လို့ ကနဦးသိရှိထားရကြောင်း ဒေါ်နန်းအိမွန်စံမှဆိုပါတယ်။  ဖမ်းဆီးခံထားရတဲ့ ကျောင်းသားများဘက်မှ တရားလွှတ်တော်ရှေ့နေဦးသန်းထက်ကျော် အပါအဝင် အခြားရှေ့နေများမှလည်း ဝိုင်းဝန်းကူညီပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က