ပြန်လည်လွဝ်မြောက်လာသူက (၄၄)ဦးရှိပါတယ်။
Ei Ei Htun

စစ်အာဏာစသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့က စပြီး (၁၈)ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ(၅၀၀)ကျော်ရှိနေပြီဖြစ်ကြောင်းကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP)ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြန်လည်လွတ်မြောက်လာသူ(၄၄)ဦးရှိတယ်လို့လည်းသိရပါတယ်။ 

ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ သူတွေထဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပါဝင်တယ်လို့ သိရပါတယ်။ “ ဒီစာရင်းက လူမှုကွန်ရက်မှာတက်လာတဲ့သူတွေစာရင်းပါသလို ကျွန်တော်တို့အသင်းတာဝန်ရှိသူတွေအချင်းချင်းချိတ်ဆက်မိသလောက် ပြုစုထားတဲ့စာရင်းပါ။ ဒီအထဲမှာမပါတဲ့သူတွေလည်းရှိနေနိုင်ပါတယ်။



ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေထဲမှာ တချို့က အကျယ်ချုပ်ရှိမယ်၊ အချုပ်ထောင်အသီးသီးတွေမှာလည်းရှိပါတယ်။ ဒါကတော့ ဖမ်းဆီးထိန်းသိမ်းခံသူတွေစာရင်း။ ဒီကာလမှာအသက်ဆုံးရှုံးခဲ့ရတာကတော့ နေပြည်တော်က မမြမြသွဲ့သွဲ့ခိုင်တစ်ဦးပဲရှိပါအုံးမယ်” လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကိုအောင်မျိုးကျော်က Duwun ကိုပြောပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ ဦးဆောင်နေတဲ့သူတွေကို ဖမ်းဆီးပြီး ထောင်ထဲထည့်နေရုံနဲ့ ပြီးသွားမယ့်ကိစ္စမဟုတ်သလို ပြည်သူတွေကလည်း သူတို့ရဲ့ဆန္ဒကို ကျယ်ကျယ်လောင်လောင်တောင်းဆိုနေကြတာဖြစ်လို့ ပြည်သူ့ဆန္ဒကို ဒီလိုဖမ်းဆီးတာနဲ့ဖြေရှင်းလို့မရဘူးလို့လည်း ဦးအောင်မျိုးကျော်ကပြောပါတယ်။ လက်ရှိဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ ထောင်ဒဏ်ချမှတ်ခံထားရသူ (၃)ဦး ၊ ဖမ်းဝရမ်းနဲ့ အမှုဖွင့်ခံထားရသူ(၃၂)ဦး ၊ အမှုဖွင့်ခံထားရသူ (၃)ဦးနဲ့ ပြန်လည်လွှတ်မြောက်လာသူက (၄၄)ဦးရှိတယ်လို့ သိရပါတယ်။


Author


က္က