ရေးဆွဲနေစဉ်အတွင်း လာရောက်ဖျက်ဆီးခဲ့တာပါ။

ဒီကနေ့မနက်ပိုင်းက ပြည်မြို့ဘူတာကြီးရှေ့မှာ  JOIN CDM စာတန်းရေးဆွဲနေစဉ် လုံခြုံရေးဝတ်စုံအပြည့် ရဲတပ်ဖွဲ့အများအပြားရောက်လာပြီး အဲ့ဒီစာတန်းကို ချက်ခြင်းဖျက်ပစ်ခဲ့ပါတယ်။

Join CDM စာတန်းကို ပြည်မြို့လယ်က ရဲတပ်ဖွဲ့နဲ့ စစ်သား အင်အားအများအပြားလုံခြုံရေးရယူပိတ်ဆို့ထားတဲ့ဗိုလ်ချုပ်ကျောက်ရုပ်နဲ့ ဘူတာကြီးအရှေ့ မှာ ပြည်သူတွေကရေးဆွဲနေတာဖြစ်ပြီး ၊ ရေးဆွဲမှုအဆုံးမသတ်ခင်မှာရဲတပ်ဖွဲ့က ဒိုင်းကာတွေအပြည့်အစုံနဲ့ရောက်လာပြီးဖျက်ပစ်ခဲ့တာဖြစ်ပါတယ်။



စာတန်းဖျက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေဟာ အဲ့ဒီနေရာကနေ  ပြန်အလည်ထွက်ခွာပြီး ပုံမှန်အတိုင်းလုံခြုံရေးပြန်ယူခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်ထွက်ခွာပြီးနောက်မှာ ပြည်သူတွေကအာဏာရှင်ကိုအလိုမရှိကြောင်း ကြွေးကြော်ခဲ့ပြီးဖျက်ဆီးခံခဲ့ရတဲ့JOIN CDM စာသားကိုပြန်လည်ရေးဆွဲခဲ့ပါတယ်။

နောက်ပြီး မနေ့က  ရေးဆွဲခဲ့တဲ့ WE ACCEPT CRPH စာတန်းကိုလည်းဖျက်ပစ်ခံခဲ့ရတာကြောင့် ပြည်သူတွေက ဒီကနေ့မနက်ပိုင်းက ပြန်လည်ရေးဆွဲခဲ့ကြပါတယ်။ ပြည်သူတွေကတော့ စာတန်းတွေဖျက်တဲ့သူကိုကျိန်စာတိုက်ထားကြောင်း၊ ပြည့်သူကျိန်စာကို ဒဏ်ခံရလိမ့်မယ်လို့ပြောဆိုနေကြပါတယ်။



က္က