ပြည်မြို့မှာ ဒီကနေ့ည ၈ နာရီခွဲကျော်လောက်က စစ်တပ်က သေနတ် နှစ်ချက် ပစ်ဖောက်မှုရှိခဲ့ပြီး နေအိမ်တစ်အိမ်ကိုလည်း သံပုံးတီးတယ်ဟုဆိုကာ နေအိမ်တံခါးနဲ့ ဆိုင်ကပစ္စည်းတချို့ကို ဖျက်ဆီးမှုဖြစ်ပွားခဲ့တယ်လို့ အိမ်ဖျက်ဆီးခံခဲ့ရတဲ့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။

"အစ်မတို့က အိမ်ထဲမှာအရှေ့တံခါး ရှိတယ်။ အိမ်အထဲမှာလည်း အိမ်မတံခါးပိတ်ထားတယ်။ သေနတ်သံ၂ချက်ကြားတယ်။ အိမ်နားကလည်း ကပ်ကြားတယ်။ ပြီးတော့ လူကိုလည် းရိုက်သွားတဲ့အသံမျိုးကြားလိုက်ရတယ်။ ဒါပေမယ့်ဘယ်သူလဲမသိဘူးပေါ့။ အဲဒီမှာဖြစ်ချင်တော့ အိမ်ထဲကအလယ်တံခါးကို ဖွင့်ပြီးသွားပြီ။ ပထမဆုံးတံခါးကတော့မဖွင့်ရသေးဘူး။ အဲဒီမှာ အိမ်ထဲမှာအိပ်နေတဲ့ ကလေးတွေကလည်း အရှေ့ကိုထွက်ကြည့်တော့ သူတို့တွေက အရင်ရောက်သွားကြပြီ။ စစ်သား အယောက် ၃၀ လောင် လူအုပ်ကြီးက ဒီလမ်းထဲကို ဝင်ချလာတယ်။ သေနတ်တွေနဲ့ဝင်လာတော့ သံပုံးတီးမှဖြစ်မယ်လို့ ပြောတဲ့အချိန် အဖေက အရှေ့တံခါးကနေချောင်းနေချိန် သံပုံးတီးသံကထွက်လာတော့ သူတို့ကလည်း တီးစမ်းတီးစမ်းဆိုပြီး သူတို့ကအိမ်ရှေ့တံခါးကိုဖျက်ဆီးသွားတဲ့အပြင် (ဆဲဆိုပြီး) သံပုံးတီးသံ မခံစားနိုင်တော့ဘူးလို့လည်း ပြောတယ်။ ဆဲလည်းဆဲတယ်။ အိမ်ထဲတံခါး ကျွန်းတံခါးကိုလည်းဖွင့်ခိုင်းတယ်။ ဖွင့်မရတော့ ဆိုင်ကပစ္စည်းတွေကိုဖျက်ဆီးတယ်။ ဘာပြစ်မှုမှကျူးလွန်ထားတာမဟုတ်ဘဲ အိမ်ထဲအထိဝင်လုပ်တာတော့ မဖြစ်သင့်ဘူး"လို့ အိမ်ဖျက်ဆီးခံရ တဲ့ကာယကံရှင်က ပြောပါတယ်။



စစ်သားတွေအနေနဲ့ အိမ်မတံခါးတစ်ချပ်ကို ဖွင့်လို့မရခဲ့တာကြောင့် နေအိမ်ထဲမှာရှိတဲ့ သူတွေအနေနဲ့ ထိခိုက်ဒဏ်ရာရ ရှိမှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တံခါးနဲ့ ဆိုင်ကပစ္စည်းတွေကိုတော့ ဖျက်ဆီးတာမျိုးလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် နေအိမ်ရဲ့ အတွင်းအိမ်မတံခါးကိုဖွင့်မရတာကတစ်ကြောင်း၊ နေအိမ်ထဲက နေထိုင်သူတွေအသံပျောက်သွားချိန်မှာမှ အဲ့ဒီအိမ်ရှေ့ကနေ စစ်သားတွေကထွက်ခွာသွားတယ်လို့ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိတဲ့ ပတ်ဝန်းကျင်နေထိုင်သူတစ်ဦးကလည်း" "၈ နာရီ ၄၅ ပတ်ဝန်းကျင် လောက်မှာသေနတ်ဖောက်သံကြားတယ်။ကြည့်တော့ စစ်သားအင်အား ၂၀ ပတ်ဝန်းကျင်လောက် လမ်းမပေါ်မှာ ရုတ်ရုတ်ဖြစ်နေတယ်။ကားတွေပေါ်မှာ ရှိဦးမယ်ထင်တယ်။ ခန့်မှန်း ၆၀ လောက်ရှိမယ်။ အဲဒီမှာလမ်းကြားထဲကအိမ်က သံပုံးတီးလိုက်တယ်။ စစ်သားတွေက အဲ့ဒီအိမ်ကို ဖျက်ဆီးတယ်၊ပြသနာရှာတယ်။ဆိုင်ဖွင့်ထားတော့ ဆိုင်ကပစ္စည်းတွေလည်းဖျကိဆီးတယ်။ ၉ နာရီကျော်လောက်မှာသူတို့အကုန်လုံးထွက်သွားပါတယ်။သေနတ် ဘာလို့ဖောက်လိုက်သလဲဆိုတာတော့ မသိဘူး။ ဆံတော်ရပ်ကွက်နဲ့ ရွာဘဲရပ်ကွက်ကြားပါ။အဲဒီလမ်းထိပ်မှာကို ရွာဘဲရပ်ကွက်ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်"လို့ ပြောပြပါတယ် ။

ပြည်မြို့ မှာ ယခုညဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ဖောက်မှုနဲ့ နေအိမ်ဖျက်ဆီးခံရမှုကိစ္စဟာ စစ်တပ်ကအာဏာသိမ်းပြီး ရက်၂၀ ကြာကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေရှိနေပြီး၊ တချို့ရပ်ကွက်တွေကတော့ ကင်းစောင့်နေတာတွေပါရှိနေပါတယ်။



က္က