လက်လီဈေးကွက်မှာဆိုရင် အောက်တိန်း ၉၂ တစ်လီတာကို ၁၀၀၀ ကျပ်အထိပင် ရှိနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဘဏ်တွေလည်းပိတ်ထားတာကြောင့် ပြည်ပကနေ စက်သုံးဆီတင်သွင်းမှု ရပ်ဆိုင်းသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကာလတစ်လျှောက်လုံး ပြည်တွင်းမှာစက်သုံးဆီ အရောင်းအဝယ် အလွန်နည်းပါးခဲ့တာကြောင့် လက်ရှိရန်ကုန်မှာ သိုလှောင်ထားတဲ့ စက်သုံးဆီအများအပြားရှိနေသေးလို့ စက်သုံးဆီပြတ်လတ်မှာကို လတ်တလောစိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ စက်သုံးဆီ ဈေးနူန်းတွေမြင့်တက်လာနေပြီး လက်လီဈေးကွက်မှာဆိုရင် အောက်တိန်း ၉၂ တစ်လီတာကို ၁၀၀၀ ကျပ်အထိပင် ရှိနေပြီဖြစ်ပါတယ်။



"အသင်းအနေနဲ့ အသင်းဝင်ကုမ္ပဏီတွေကို ဈေးနှုန်းနဲ့ချုပ်ကိုင်မထားဘူး။ နဂိုကတည်းက ချုပ်ကိုင်မထားဘူး။သူတို့ဟာသူတို့ ဝယ်ဈေးရောင်းဈေးအပေါ်မှာ အခြေ ခံပြီးတော့ ရောင်းကြတယ်။ ကျွန်တော်တို့က ဈေးနူန်းထုတ်ပြန်ပေးရုံပဲ။ ဒီနေ့ပြည်ပပေါက်ဈေးဘယ်လောက်ရှိတယ်၊ပြည်တွင်းပေါက်ဈေးဘယ်လောက်ရှိတယ်ဆိုတာကို ထုတ်ပြန်ပေးတယ်။သတင်းစာတွေထဲမျာလည်းတွေ့မှာပါ။ အဲ့ဒီဈေးကိုလိုက်ရောင်းရမယ်ဆိုတာမျိုးထုတ်ပြန်မထားတဲ့အတွက် ဈေးတက်ခြင်းကျခြင်းကတော့ ကျွန်တော်တို့သိပ်မသိဘူး။ မြန်မာနိုင်ငံမှာ ဆီလက်ကျန် နှစ်လစာပဲရှိတော့တယ် ရိုက်တာသတင်း နေရတယ်ဆိုပြီးတော့ ကျွန်တော့်ကို မေးတဲ့သူတွေရှိတယ်။ မြန်မာနိုင်ငံမှာ ဘယ်လောက်တိတိကျကျ ကျန်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ လက်ကျန်ကိုမသိတဲ့အတွက်ပြောလို့မရပေမယ့် ကျွန်တော် focus လုပ်လို့ရတာက ကိုဗစ်ကာလတစ်နှစ်လုံးမှာ ကျွန်တော်တို့ဆီကုန်သည်တွေဟာ ဆီအရောင်းအဝယ် အင်မတန်နည်းပါးတယ်။ တော်တော်လည်း မရောင်းရဘူး။ အဲ့ဒီအနေနဲ့ကျတော့ ဆီလက်ကျန်ဟာ ရန်ကုန်အနေနဲ့ဆို အများကြီးရှိပါတယ်" လို့မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်းက တာဝန်ရှိသူဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိမှာ ကားသမားတွေကလည်း  CDM လုပ်နေတဲ့အတွက် ကြောင့် နယ်တွေကို ဆီဘောက်ဆာကားတွေ၊ သင်္ဘောတွေနဲ့ စက်သုံးဆီတင်ပို့နိုင်မှုမရှိပါဘူး။ ဒါကြောင့် ရောင်းချသူတွေအနေနဲ့ ဆီနည်းခြင်း ၊များခြင်း အပေါ်မဆိုင်တော့ဘဲ ၊ Demand နဲ့ Supply အပေါ်မှာမူတည်ပြီး ဆီရောက်ရှိမှုပေါ် မူတည်ပြီးသာ ရောင်းချနိုင်တယ်လို့သုံးသပ်ပြောဆိုပါတယ်။

"ကျွန်တော်တို့ဆီမှာတော့ လက်လီဗူးတွေနဲ့ရောင်းတာ ၉၂ က တစ်လီတာကို ၁၀၀၀ ဖြစ်သွားတယ်။ ၁၀၀၀ ကိုတောင် ရေသန့်ဗူးအပြည့်မရတော့ဘူး။ ပန့်ဆိုင်တွေမှာတော့အဲ့လောက်မရှိဘူး။ ဆိုင်တွေကတော့ သူတို့လည်းဈေးတက်ဝယ်ရတယ်လို့ပြောတာပဲ"လို့ ပြည်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကတော့ ခုလို ပြည်ပကနေ စက်သုံးဆီ တင်သွင်းဖို့ အခက်အခဲဖြစ်နေချိန်မှာဒီဇယ်ဂါလန် ၁ . ၅ သန်းနဲ့ ဓာတ်ဆီ ဂါလန် ၅ သိန်းကို ရောင်းချပေးမယ်လို့ မနေ့က ‌ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဖေဖောဝါရီလ ၂၁ ရက်နေ့ရဲ့ စက်သုံးဆီ ကုမ္ပဏီ ကြီးဖြစ်တဲ့ Denko က ထုတ်ပြန်တဲ့ ဈေးကွက်နှုန်းထားမှာ  အောက်တိန်း 92 က ၇၇၀ ၊‌ အောက်တိန်း 95 က ၈၈၀ ကျပ်၊ ဒီဇယ်က ၈၁၀ ကျပ်၊ ပရီမီယမ် ဒီဇယ် ၈၂၀ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

ပြည်တွင်းရဲ့ စက်သုံးဆီ သုံးစွဲမှုနူန်းက ၁ လမှာ ဒီဇယ်နဲ့ ဓာတ်ဆီ တန်ချိန် ၆ သိန်းကနေ ၁ သန်း ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။

စက်သုံးဆီတွေကို အကန့်အသတ်နဲ့ရောင်းချပေးနေပြီဆိုတဲ့ လက်ရှိမှာ ပျံ့နှံ့နေတဲ့သတင်းနဲ့ ပတ်သက်ပြီီးတော့ စက်သုံးဆီအရောင်းဆိုင်တွေဘက်က တရားဝင်ကြေညာတာမရှိသေးကြောင်း နဲ့ ကားတိုင်ကီအပြည့် ဖြည့်ပေးတယ်လို့ သိရပါတယ်။



က္က