ပေါင်းတလည်ဆေးရုံကို ဆန္ဒပြလာသူတွေမှာ လူအင်အား ၂၅ ဦးဝန်းကျင်ရှိပါတယ်။

ပြည်ခရိုင်ထဲက CDM လုပ်နေတဲ့ ဆရာဝန်နဲ့ဝန်ထမ်းတွေကို ဆန္ဒပြဖို့လာရောက်တဲ့ လူတွေကို မြို့ခံပြည်သူတွေက သံပုံးတီးပြီး ပြန်လည်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၊နေလည် ၃ နာရီလောက်က ပြည်ခရိုင်၊ပေါင်းတလည်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ဆန္ဒပြ သူတွေဟာ ပေါင်းတလည် ဆေးရုံကိုသွားရောက်ဆန္ဒပြဖို့စီစဉ်ခဲ့ပေမယ့် မြို့နေလူထုရဲ့ သံပုံးတီးဆန္ဒပြမှု၊လူထုအင်အားနဲ့ပိတ်ဆို့ထားမှုကြောင့် ဆေးရုံအထိ မသွားရဘဲ ပြန်လှည့်သွားရတယ်လို့ သိရပါတယ်။



"ဒါကပထမဦးဆုံးအကြိမ် လာရောက်ဆန္ဒပြတာပါ။ အဲဒီတော့မြို့သူမြို့သားတွေက ပြန်ပြီးတော့ သံပုံးတီးပြီးတော့ ဆန္ဒပြခဲ့ကြတော့ သူတို့ဘာမှကိုလုပ်ချိန်မရ သူတို့ကို ဆေးရုံရှေ့မှာပဲပိတ်ပြီး ပြန်သွားကြပါတယ်။ သူတို့က ဝင်လာတော့ မြို့နေ့လုထုက သူတို့ကို ပေါင်းတလည်ဆေးရုံကိုအဝင်မခံဘဲ ဆန္ဒပြခဲ့ကြတာပါ။ ရဲတွေလည်းလာပါတယ်။ ဘာမှမလုပ်ပါဘူး "လို့ ပေါင်းတလည်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါင်းတလည်ဆေးရုံကို ဆန္ဒပြလာသူတွေမှာ လူအင်အား ၂၅ ဦးဝန်းကျင်ရှိပြီး"လူစိတ်မရှိသောဆရာဝန် အလိုမရှိ၊ ကျင့်ဝတ်နဲ့မညီသော ဆရာဝန် အလိုမရှိ" စတဲ့ စာတန်းပါ ဆိုင်းဘုတ်တွေကိုကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က