Video Conferencing ဖြင့်သာ ရုံးထုတ်သွားမယ်လို့ သိရပါတယ်။

မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားကြောင်း ၎င်းအမှုအားလိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ဒီကနေ့ ဖေဖော််ဝါရီ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 “အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကို ဦးမျိုးသန်းထိုက်ဆိုတဲ့ လက်ထောက် ညွှန်ကြားရေးမှုးဆိုသူ၊လက်ထောက်ညွှန်ကြားရေးမှုးဆိုတာက မကွေးတိုင်းထွေအုပ်ကလား မြို့နယ်ထွေအုပ်ကလားဆိုတာတော့ ကျွန်တော်အမှုတွဲကို မဖတ်ရသေးတော့ သေချာတော့မသိရသေးပါဘူး၊ တရားလိုဦးမျိုးသန်းထိုက် လက်ထောက်ညွှန်ကြားရေးမှုး ဆိုတာတော့သိပါတယ်၊ သူကနေပြီးတော့မှာ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)နဲ့ ဦးတိုက်လျှောက်ထားပြီး မကွေးမြို့နယ် တရားရုံးမှာအမှုဖွင့်ပြီးဦးတိုက်လျှောက် ထားတာဖြစ်ပါတယ်" လို့ ဦးမြင့်အောင်က ပြောပါတယ်။



ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုအတွက် ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် တရားလွှတ်တော်ရှေ့နေဦးမြင့်အောင်နှင့် တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်တို့မှ လိုက်ပါဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ၎င်းတို့အနေဖြင့် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်ရန် တရားရုံးသို့ ရောက်ရှိနေသော်လည်း ဒေါက်တာအောင်မိုးညိုအား တရားရုံးထုတ်လာခြင်းမရှိဘဲ Video Conferencing ဖြင့်သာရုံးထုတ်သွားမယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေတွင် ရှေ့နေများအနေဖြင့်လည်း ရှေ့နေကိုယ်စားလှယ်လွှဲစာတင် နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းအထိ ဒေါက်တာအောင်မိုးညိုအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားကြောင်းကိုသာ သိရှိရပြီး အခြားမည်သည့်အကြောင်းအရာကိုမှ မသိရှိရသေး ဟုလည်း ဦးမြင့်အောင်က ပြောပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အရ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရပါက ထောင်ဒဏ်(၂)နှစ် သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်ပြီး ထောင်ဒါဏ်နှင့် ငွေဒါဏ်နှစ်မျိုးလုံး ချမှတ်နိုင်ကြောင်း သိရှိရသည်။

ရာဇ သတ်ကြီး ပုဒ်မ၅၀၅(ခ) ကို ပြဌာန်းချက်မှာ -  "မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ၊ ကောလာဟလကိုဖြစ် စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကြေ ညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေထိခိုက်သည့်ပြစ်မှုကို တစ ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများ ပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ် စေရန်အကြံရှိလျှင် သို့တည်း မဟုတ်-ထိုသို့ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်ထိထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရမည်"လို့ ဖော််််ပြထားပါတယ်။ 

မကွေးပို့စ်မှ ပေးပို့သော သတင်းဖြစ်ပါသည်။



က္က