ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကိုလည်းမသိရသေးပါဘူး။
Ei Ei Htun

မနေ့က (၂၂၂၂၂)ပြည်လုံးကျွတ်သပိတ်နေ့က နေပြည်တော်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒပြတဲ့ပြည်သူတွေ အများအပြားဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဆန္ဒပြနေစဉ်အတွင်း ရဲတပ်ဖွဲ့က လုံခြုံရေးအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး လူဦးရေ ရာကျော်ဖမ်းဆီးခံခဲ့ရတာပါ။ ယနေ့ထိ မိသားစုဝင်တွေက ဖမ်းဆီးထိန်းသိမ်းခံသူတွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့ သိရပါတယ်။



“မနေ့က ဖမ်းခံရတယ်ဆိုပြီး သူနဲ့ အတူသွားတဲ့ သူ့ဦးလေးနဲ့ သူငယ်ချင်းတွေပြောလို့သိတာ။ သူတို့ကတော့ ထွက်ပြေးရင်းလွတ်လာတာ။ ဖုန်းဆက်တော့ ဆက်ကပိတ်ထားပြီ။ အဲကတည်းက စိတ်ကပူနေပြီပေါ့။ ညကလည်း အိပ်မပျော်ဘူး။ ဘယ်မှာ ဖမ်းထားလဲဆိုတာလည်း မသိဘူး။ ခုထိလည်းအဆက်အသွယ်မရသေးဘူး”လို့ မိဘတစ်ဦးက ပြောပါတယ်။

အတူသွားသူတွေက ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ၎င်းရဲ့သားမှာတော့ ဖမ်းဆီးခံရတဲ့အထဲ ပါသွားတယ်လို့ နောက်ထပ်မိဘတစ်ဦးကလည်း ပြောပါတယ်။ "ဆွာလမ်းဆုံမှာ အဖမ်းခံရတယ်လို့ ကြားတယ်။ ဆိုင်ကယ်၊ ဖုန်း၊ ကားမောင်းလိုင်စင်၊ မှတ်ပုံတင်တွေရော ပါသွားတယ်။ အစ်မလုပ်တဲ့သူလည်း ပါသွားတယ်လေ.. သူတို့က ထွက်ပြေးလို့ ပြန်လွတ်လာတယ်။ အခုထိ မဆက်သွယ်သေးဘူး။ ဘာမှသတင်းမကြားသေးဘူး။ စုံတော့ စုံစမ်းနေတာပဲ။ အဆက်အသွယ်တော့ မရသေးဘူး" လို့ ဆိုပါတယ်။

မနေ့က နေပြည်တော်မှာ စစ်အာဏာရှင်ကို ဆန့်ရှင်ကြောင်း ဆန္ဒပြတဲ့သူတွေဟာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတာဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်နေ အတင်းဝင်ရောက်ကာ သေနတ်တွေနဲ့ ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးစဉ်အတွင်း ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

မနေ့က နေပြည်တော်မှာ ဆန္ဒပြပြည်သူတွေကို လုံခြုံရေးအင်အား အလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာဆန္ဒပြပြည်သူ (၁၉၃) ကိုဖမ်းဆီးသွားပြီး ဆိုင်ကယ်အစီး (၂၀၀)ကျော်နဲ့ ကား (၈)စီးကိုပါ ရဲတပ်ဖွဲ့ဘက်က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။


Author


က္က