NLD ပါတီကို တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ ပါတီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၆ရက်မှာ အာဏာသိမ်းစစ်အစိုးရက အသစ်ပြန်လည်တာဝန်ပေးအပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံညှိနှိုင်းဖို့ အစီအစဉ်မှာ NLDပါတီကို ပါဝင်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီတွေ့ဆုံညှိနှိုင်းပွဲကို တက်ဖို့ မရှိဘူးလို့ NLD ပါတီရဲ့ ရခိုင်ပြည်နယ် ၊ အမျိုးသားလွှတ်တော်အမတ် ဦးစိုးလေးက ဒီကနေ့ ဖေဖော်ဝါရီ ၂၃ရက် ၊ ပါတီရုံးချုပ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။



" စာရောက်ပါတယ် ။ မတက်ပါဘူး။ဘာကြောင့် မတက်လဲဆိုတော့ တက်ဖို့ လူမှမရှိတာ ။သူတို့ကတော့ ဒါဟာ အာဏာသိမ်းထားတာပဲ။ကမ္ဘာကလည်း အသိအမှတ်မပြု ၊ တို့ကလည်းအသိအမှတ်မပြုပါဘူး " လို့ ရခိုင်ပြည်နယ် ၊ အမျိုးသားလွှတ်တော်အမတ် ဦးစိုးလေးက ပြောပါတယ်။ 

အာဏာသိမ်းစစ်အစိုးရက အသစ်ပြန်လည်တာဝန်ပေးအပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေနဲ့ ဖေဖော်ဝါရီ ၂၆ရက်မှာ တွေ့ဆုံညှိနှိုင်းဖို့အတွက် နိုင်ငံရေးပါတီတွေရဲ့ ဥက္ကဌ /အတွင်းရေးမှူး ဒါမှမဟုတ် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးတက်ရောက်ဖို့ ဖိတ်ကြားနေတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၀ရွေးကောက်ပွဲဟာ မဲစာရင်းအမှားတွေ ၊ မဲမသမာမှုတွေရှိနေတာကြောင့်ဟုဆိုကာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှာ တပ်မတော်က သမ္မတ ၊ နိုင်ငံတော်အတိုင်ပင်ခံ ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေကို ဖမ်းဆီးကာ အာဏာသိမ်းယူခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ရွေးကောက်ပွဲကို တစ်နှစ်အတွင်း ပြန်ကျင်းပပေးမယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပေမယ့်လည်း ပြည်သူအများစုက ၂၀၂၀ရွေးကောက်ပွဲရဲ့ ရလဒ်ကိုသာလက်ခံမှာဖြစ်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ ဆန္ဒဖော်ထုတ်ပွဲတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။



က္က