စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အမျိုးသား ငါးဦးကို ဖေဖော်ဝါရီ ၂၀ရက်က ဖမ်းဆီးခဲ့တာပါ။
Htar Htar Wai

ကချင်ပြည်နယ် ၊ ပူတာအိုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်တာကြောင့် အရပ်သားတွေကို ဖမ်းဆီးမှုရှိနေပါတယ်။

ဒီထဲကမှ ဖမ်းဆီးခံ အမျိုးသားငါးဦးကို ပြန်လည်လွှတ်ပေးခြင်းမရှိသလို အမှုနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မယ့် အခြေအနေကိုလည်း မသိရဘူးလို့ ဖမ်းဆီးခံအမျိုးသားတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။



" အိမ်က မရီးက ပူတာအိုမှာရှိတဲ့ အကျဉ်းထောင်မှာသွားတွေ့တယ်။ သူတို့တွေနဲ့ ဘာအဆက်အသွယ်မှ မရသလို အဝင်လည်းမခံဘူး။အတွေ့လည်းမခံဘူး ။ မရီးက နှစ်ခါသွားတယ်။ သူတို့က ဘာအကြောင်းပြလဲဆိုတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းနဲ့ အကြောင်းပြတယ်တဲ့။ တွေ့လို့မရခဲ့ဘူး " ဟု ဖမ်းဆီးခံအမျိုးသား ဖုန်ရော့ဖီနန်ရဲ့ မိသားစုဝင်က Duwun ကို ပြောပါတယ်။

လက်ရှိမှာ ဒီအမှုနဲ့ပတ်သက်ပြီး ရှေ့နေတွေက လိုက်ပါဆောင်ရွက်နေပေမယ့်လည်း ထူးခြားတဲ့အခြေအနေမရှိသေးဘူးလို့ ဖမ်းဆီးခံအမျိုးသား ဖုန်ရော့ဖီနန်ရဲ့ မိသားစုဝင်က Duwun ကို ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံရတဲ့အမျိုးသား ငါးဦးဟာ တိမ်းရှောင်မှုပြုလုပ်နေပေမယ့် စစ်တပ်က ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မိသားစုဝင်က ပြောပါတယ်။

ပူတာအိုမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုကြောင့် ဖေဖော်ဝါရီ ၂၀ရက်မှာ ဖုန်ရော့ဖီနန် ၊ ဖေနောင်းအောင် ၊ လဇွမ်အောင်ဒီး ၊ ဇန်ထရမ်ဆိုင်း နဲ့ အင်ဗျဲ့ဆင်ဝါးတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Htar Htar Wai

က္က