၀န်ထမ်း၄၃၃ဦး အတွက် အလှူငွေ ၁၁၆သိန်း၉သောင်း လှူဒါန်းထားပြီး ဖြစ်တယ်လို့သိရပါတယ်။
Duwun

မိတ္ထီလာမြို့မှ ပြည်သူများဟာ CDM ပြုလုပ်နေတဲ့ ၀န်ထမ်း၄၃၃ဦး အတွက် အလှူငွေ ၁၁၆သိန်း၉သောင်း လှူဒါန်းထားပြီး ဖြစ်တယ်လို့သိရပါတယ်။ 

ပထမအကြိမ်အနေဖြင့် ၀န်ထမ်းတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ၀န်ထမ်း ၁၀၀၀ခန့်အား လှူဒါန်းသွားဖို့ ခန့်မှန်းထားတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။ ပထမအကြိမ်ကို ယခုလမကုန်ခင် အပြီးလှူဒါန်းသွားမှာ ဖြစ်ပါတယ်။ 

“အလှူငွေတွေကိုက လက်ထဲမထားပါဘူး။၂ ဦးအဖွဲ့စီ ခွဲလိုက်ကြတယ်။ တစ်ခုခုဆိုလုံခြုံရေးအရအဆင်မပြေတာမို့ ငွေတွေနဲ့ပါသွားတယ်မဖြစ်ရအောင်ပါ။ ဌာနတစ်ခုခုက စာရင်းရပြီဆိုတာနဲ့ ထောက်ပံ့ရမယ့် ဦးရေနဲ့လိုအပ်တာကို ခပ်မြန်မြန်ကောက်ပြီး ခပ်မြန်မြန်ပဲဝေလိုက်တာမျိုးလုပ်ပါတယ်။ ဝန်ထမ်းတစ်ဦး ပထမအကြိမ်အဖြစ် ၃ သောင်းနှုန်းနဲ့စတင်ထောက်ပံ့နိုင်ဖို့စီစဉ်ထားပါတယ်" လို့ အလှူငွေ ဦးစီးကောက်ခံသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ CDMပြုလုပ်နေသော ပညာရေးဌာန၀န်ထမ်း၂၃၀ဦးအား တစ်ဦးလျှင် ၂သောင်းကျပ်နှုန်းဖြင့်လည်းကောင်း၊ဆည်မြောင်း၀န်ထမ်း၅၀ဦးအား တစ်ဦးလျှင် ၅သောင်းကျပ်နှုန်းဖြင့်လည်းကောင်း လှူ‌ဒါန်းထားပြီးကြောင်း သိရပါတယ်။ ဒါ့အပြင် မီးရထား၀န်ထမ်း(၅)ဦး၊ စည်ပင်၀န်ထမ်း(၃)ဦး၊ ကျန်းမာရေး၀န်ထမ်း(၆၅)ဦး၊ ဒေသန္တရ၀န်ထမ်း(၉၃)ဦးနဲ့ ကျေးလက်၀န်ထမ်း(၃)ဦးတို့အားလည်း တစ်ဦးလျှင် ၃သောင်းကျပ်နှုန်းဖြင့် လှူဒါန်းထားပြီး ဖြစ်ပါတယ်။


Author

  • Duwun

က္က