ညနေ(၄)နာရီနောက်ပိုင်းမှာတော့ ရပ်ကွက်နေပြည်သူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေညှိုနှိုင်းမှုအရ အုပ်ချုပ်ရေးမှူးအသစ်ကိုမခန့်တော့ဘဲ ယခင်အုပ်ချုပ်ရေးမှူးအဟောင်းကိုသာဆက်လက်ခန့်အပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်အရ ရပ်ကွက်နေပြည်သူတွေလူစုခွဲအိမ်ပြန်ခဲ့ကြတယ်လို့သိရပါတယ်။
Duwun

စစ်ကောင်စီကခန့်အပ်တဲ့ စစ်ထွက်အုပ်ချုပ်ရေးမှူးအသစ်ကို လက်မခံတာကြောင့် ပြည်သူလူထုက သံပုံးတီးဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေထိပ်တိုက်တွေ့ဆုံမှု ပဲခူးမြို့၊မဇင်းရပ်ကွက်မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။


အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေး မှူးကိုဖြုတ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူကိုရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်အဖြစ် ခန့်အပ်ကာ ဒီကနေ့ နေ့လည်ပိုင်းမှာပဲ အုပ်ချုပ်ရေးမှုးအသစ်ကို ရဲတပ်ဖွဲ့က ရဲအင်အားအများအပြားနဲ့မဇင်းရပ်ကွက်ရုံးကိုလာရောက်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ရပ်ကွက်နေပြည်သူတွေက စစ်ထွက်အုပ်ချုပ်ရေးမှူးအသစ်ကို လက်မခံကြောင်း၊အလိုမရှိကြောင်းကို သံပုံးတီဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးရယူခဲ့ကာ ပြည်သူနဲ့ရဲထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။


"မဇင်းရပ်ကွက်သူရပ်ကွက်သားတွေက မကျေနပ်လိုဆန့်ကျင်တာ။ သူတို့က ရုံးပတ်ဝန်းကျင်မှာသေနတ်နဲ့ချိန်ပြီးတော့ အာဏာအပ်တာပါ။ တစ်နိုင်ငံလုံးကိုစစ်ထွက်တွေနဲ့ပဲသူတို့ကအုပ်ချုပ်ချင်တာ၊ လက်နက်မရှိတဲ့ပြည်သူကိုနှိပ်စက်နေတာပါ။အနိုင်ကျင့်နေတာပါ။ပြည ်သူတွေကမကြောက်လို့သေနတ်ရှေ့တည့်တည့်မှာ သံပုံးတီးနေကြတာပါ။စစ်မှုထမ်းဟောင်းကို ကျွန်မတို့ကလက်မခံပါဘူး"လို့ ဆန္ဒပြပြည်သူတစ်ဦးကပြောပါတယ်။


ညနေ(၄)နာရီနောက်ပိုင်းမှာတော့ ရပ်ကွက်နေပြည်သူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေညှိုနှိုင်းမှုအရ အုပ်ချုပ်ရေးမှူးအသစ်ကိုမခန့်တော့ဘဲ ယခင်အုပ်ချုပ်ရေးမှူးအဟောင်းကိုသာဆက်လက်ခန့်အပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်အရ ရပ်ကွက်နေပြည်သူတွေလူစုခွဲအိမ်ပြန်ခဲ့ကြတယ်လို့သိရပါတယ်။ 


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။



Author

  • Duwun

က္က