အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင့်တဲ့ CDMလှုပ်ရှားမှုမှာပါဝင်ပြီးရုံးမတက်တဲ့ဝန်ထမ်းတွေကို မူရင်းလစာအတိုင်း CRPH ကထောက်ပံ့သွားမှာဖြစ်တယ်လို့ ပြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်လှိုင်ဝင်းက ပြောဆိုလိုက်ပါတယ်။
Duwun

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင့်တဲ့ CDMလှုပ်ရှားမှုမှာပါဝင်ပြီးရုံးမတက်တဲ့ဝန်ထမ်းတွေကို မူရင်းလစာအတိုင်း CRPH ကထောက်ပံ့သွားမှာဖြစ်တယ်လို့ ပြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်လှိုင်ဝင်းက ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် CDM တိုက်ပွဲ ကာလပိုရှည်ခဲ့ရင်လည်းထောက်ပံ့နိုင်ဖို့အတွက် CDM ပဒေသာပင် သဘောမျိုးလုပ်ဆောင်သွားဖို့ရှိတယ် လို့ ဒီကနေ့ဖေဖော်ဝါရီလ၂၄ ရက်နေ့ ပြည်မြို့ကစစ်ကောင်စီဆန့်ကျင်ရေးသပိတ်စစ်ကြောင်းမှာပါဝင်ပြီး လူထုကိုမိန့်ခွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။



"ရုံးမတက်တဲ့ဝန်ထမ်းတွေကို ကျွန်တော်တို့ CRPH ကနေ လစာထောက်ပံ့သွားမှာဖြစ်ကြောင်းဒီနေရာကနေ ကျွန်တော်အတည်ပြုပြောကြားပါတယ်။မူရင်းလစာအတိုင်းထောက်ပံ့သွားမှာဖြစ်ပါတယ်။နောက်ပြီး မကြာခင်မှာပဲ CDM ပဒေသပင်သဘောမျိုးလုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒီထက်ပိုပြီးတော့CDMတိုက်ပွဲရက်ရှည်ခဲ့ရင်ထောက်ပံ့ထားဖို့ရည်ရွယ်ထားတယ်၊ပြင်ဆင်ထားပါတယ်။ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေသပိတ်စစ်ကြောင်းမှာအမြဲရှိနေပါတယ်၊ပြည်သူနဲ့အတူရှိနေပါတယ်။"လို့ ဦးသက်ဝင်းလှိုင်က ပြောဆိုခဲ့ပါတယ်။ 

ဝန်ထမ်းတွေ CDM လုပ်သလိုပဲ ကျန်တဲ့ပြည်သူတွေအနေနဲ့လည်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုပြုလုပ်ပေးရမှာဖြစ်ကြောင်း၊ ပြည်သူလူထုအနေနဲ့ မိမိတို့နေအိမ်တွေမှာ "ရပ်ကျေးကောင်စီကို မထောက်ခံကြောင်း၊ အဖက်မလုပ်ကြောင်း "စာတန်းတွေရေးဆွဲပြီး ချိတ်ထားစေလိုကြောင်းပြောဆိုခဲ့ပါတယ်။ ဝန်ထမ်း CDM လုပ်ခြင်း၊ ပြည်သူတွေCDM လုပ်တဲ့ ကိစ္စကြောင့် ပြည်သူ့အာဏာကို မတရားလုယူခဲ့တဲ့ စစ်ကောင်စီဟာမကြာခင်မှာချုပ်ငြိမ်းတော့မှာဖြစ်တာကြာင့်ပြည်သူတွေ၊ဝန်ထမ်းတွေ၊ကျောင်းသားတွေအားလုံး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Duwun

က္က