ကျောင်း၀န်းအပြင်ဘက် တစ်နေရာမှာ ရဲကားများလည်း စောင့်ဆိုင်းနေခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အမှတ်(၁၈)ရပ်ကွက်မှာ CDM လုပ်နေတဲ့ အစိုးရမူလတန်းကြိုကျောင်းဆရာမများကို အရပ်၀တ်များဖြင့် လာရောက်ဖမ်းဆီးခဲ့ရာမှာ ရပ်ကွက်က ဝန်းရံလာတာကြောင့် တစ်ဦးမှ ဖမ်းဆီးမသွားနိုင်ခဲ့ဘူးလို့ သိရပါတယ်။ 

ဒေသခံပြည်သူတစ်ဦးရဲ့ ပြောကြားချက်အရ စစ်ဦးစီးမှူးက အရပ်၀တ်ဖြင့် ကျောင်း၀န်းအတွင်း ၀င်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ကျောင်း၀န်းအပြင်ဘက် တစ်နေရာမှာ ရဲကားများလည်း စောင့်ဆိုင်းနေခဲ့တယ်လို့ သိရပါတယ်။

ကျောင်းအတွင်းမှာ CDMလုပ်နေတဲ့ ဆရာမ (၅)ယောက်ရှိသလို ပုံမှန်အလုပ်ဆင်းနေတဲ့ ဆရာမတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ဒီမူကြိုကျောင်းမှာ CDMလုပ်နေတဲ့ ဆရာမ (၅)ယောက် ရှိပါတယ်။ (၄)ယောက်ကတော့ သူတို့ အရပ်ကို ပြန်သွားကြပါပြီ။ အိမ်ယာထဲမှာ CDM လုပ်နေတဲ့ ဆရာမ (၁)ယောက်ပဲ ရှိပါတယ်။ ကျန်တဲ့ ပုံမှန် အလုပ်ဆင်းနေတဲ့ ဆရာမတွေလည်း ရှိပါတယ်။ ပတ်၀န်းကျင်က တိုင်လို့ လာရောက် ထိန်းသိမ်းတာလို့တော့ ပြောပါတယ်။ ရပ်ကွက်က ရောက်လာလို့ ဆရာမကိုတော့ မခေါ်သွားနိုင်ပါဘူး။ အခု ဆရာမလည်း လုံ‌ခြုံတဲ့နေရာကို ရောက်သွားပါပြီ။ လာဖမ်းတာကတော့ စစ်ဦးစီးမှူး အရပ်၀တ်နဲ့ပါ။ ရဲကားတွေလည်း ပါပါတယ်" လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ 

လာရောက်ဖမ်းဆီးချိန်မျာ ကျောင်း၀န်းအတွင်းရှိ ဆရာမတစ်ဦးက သံပုံးတီးလိုက်တာကြောင့် ရပ်ကွက်နေပြည်သူများက လာရောက်၀န်းရံခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူများရဲ့ ၀န်းရံမှုကြောင့် ဆရာမတစ်ဦးမျှ ပါသွားခြင်း မရှိဘူးလို့လည်း သိရပါတယ်။



က္က