ဆန္ဒပြဆိုင်းဘုတ်များ ဗီနိုင်းပိုစတာများနဲ့ ပတ်သက်ပြီး ရှာဖွေခဲ့တာပါ။


မင်းဘူးမြို့ပေါ်ရှိ မိတ္တူဆိုင်များနှင့် ဗီနိုင်းဆိုင်များအား ရဲတပ်ဖွဲ့မှ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြဆိုင်းဘုတ်များ ဗီနိုင်းပိုစတာများနဲ့ စပ်လျဥ််းပြီး ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) နေ့လယ်ပိုင်းမှာ မင်းဘူးမြို့ပေါ်ရှိ မိတ္တူဆိုင်များနှင့် ဗီနိုင်းဆိုင်များကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

 "မင်းဘူးရဲတပ်ဖွဲ့က ကျွန်မတို့ဖွင့်ထားတဲ့ရွှေအိုးမိတ္ထူဆိုင်ကို လာရောက်ပါတယ်၊ ကောင်းကောင်းမွန်မွန်ပါပဲ။ ဗီနိုင်းတို့ စာစောင်တို့ရိုက်မရိုက် ကွန်ပြူတာတွေထဲရှာသွားတာပါ၊ ဘာမှမတွေ့တော့ ပြန်သွားကြပါတယ်"လို့ ရွှေအိုးမိတ္ထူပိုင်ရှင်က ပြောပါတယ်။

ကွန်ပြူတာမိတ္တူဆိုင်များနှင့် ဗီနိုင်းဆိုင်များအား ရှာဖွေရခြင်းမှာ လက်ရှိ ဆန္ဒပြနေခြင်းများနဲ့ CDMလုပ်ခြင်းများတွင် ဆိုင်းဘုတ်များ၊ ဗီနိုင်းပိုစတာများ၊ နံရံကပ်မယ့် ဗီနိုင်းများပါ၀င်‌နေသတဲ့အပြင် နိုင်ငံတော်ကိုအကြည်ညိုပျက်စေသည့်ကိစ္စများ၊ နိုင်ငံတော်အားဆန့်ကျင်သည့် ကိစ္စများရှိ‌နေတဲ့အတွက် ယင်းလုပ်ရပ်များကတည်ဆဲဥပဒေနဲ့ မညီတာကြောင့် တရားသူကြီးရဲ့ရှာဖွေခွင့်ဝရမ်းနဲ့ အခုလိုရှာဖွေနေခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ဆေးတဲ့ဆိုင်အရေအတွက်နဲ့ ပစ္စည်းများ ဖမ်းဆီးရမိတဲ့ ဆိုင်အရေအတွက်ကိုတော့ ရဲတပ်ဖွဲ့က ဖြေကြားခြင်းမရှိသလို  ဖမ်းဆီးခံရတဲ့ဆိုင်ရှိတယ်လို့လည်း ကြားသိရခြင်းမရှိသေးပါဘူး။

မင်းဘူးမြို့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြမှုများက ဖေဖော််ဝါရီလ ၆ ရက်နေ့ကစတင်ကာ နေ့စဥ်် ဖြစ်ပွားလျက်ရှိပြီး ဆန္ဒပြသူများက ဆိုင်းဘုတ်နဲ့ ပိုစတာအမျိုးမျိုး ကိုင်ဆောင်ဆန္ဒပြလျက်ရှိနေပါတယ်။ ဖေဖော်ဝါရီလ၂၃ ရက်နေ့အထိ ဆန္ဒပြသူများကို မင်းဘူးရဲတပ်ဖွဲ့မှ တစ်စုံတရာ တားဆီးပိတ်ပင်ခြင်းမရှိဘဲ မနေ့ (ဖေဖော််ဝါရီလ၂၄ ရက်) နေ့မှာတော့ ဆန္ဒပြလူအုပ်ကြီးထဲကို ရုတ်တရက်ဝင်ရောက်ကာ ရိုက်နှက်ခြင်း၊ ဖမ််းဆီးခြင်းများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဖြစ်စဥ််မှာ ၇ ဦးဖမ်းဆီးခံရပြီး ညနေပိုင်းမှာပဲ ပြန်လွှတ်ပေးခဲဲ့ပြီးတဲ့နောက်  ယနေ့မှာတော့မိတ္တူဆိုင်နှင့် ဗီနိုင်းဆိုင်များကို ဝင်ရောက်စစ်ဆေးမှု လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။


မကွေးပို့စ်မှ ပေးပို့သော သတင်းဖြစ်ပါသည်။



က္က