ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမယ့် အရိပ်အယောင်မရှိဘူးလို့ သိရပါတယ်။

ယနေ့ (ဖေဖော််ဝါရီလ ၂၅ ရက်) မနက်ပိုင်းမှာ မကွေးတိုင်း ဖဲမြို့နယ်၊ပဒါန်းရဲစခန်းရှေ့ကနေ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အတွက် ငဖဲမြို့ရဲစခန်းရှေ့မှာ လူတစ်ထောင်ခန့်ရောက်ရှိနေတာဖြစ်ပါတယ်။

 ဖမ်းဆီးထိန်းသိမ်းခံတဲ့ အမျိုးသား လွတ် မြောက်ဖို့အတွက် ပဒါန်းရဲစခန်းရှေ့တွင် နေ့လယ် ၁နာရီဝန်းကျင်ကစတင်ကာ လူထုကတောင်းဆိိုပြီးကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ငဖဲမြို့ပေါ််အထိတက်ကာ ငဖဲမြို့ ရဲစခန်းရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ယခုသတင်းတင်ဆက်တဲ့ ည ၉ နာရီခွဲ အချိန်အထိ တောင်းဆိုနေကြဆဲဖြစ်ပါတယ်။ "ကိုဝေဠုကို လွှတ်ပေးမလား၊ ကျွန်တော််တို့ကို အချုပ်ထဲကိုထည့်မလား။ ကိုဝေဠုကို ပြန်လွှတ်ပေး" လို့ ကြွေးကြော်ကာ ထိုင်သပိတ်ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။



ကိုဝေဠုသည် ပြီးခဲ့သည့်ရက်များက ငဖဲမြို့နယ်တွင်ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုများတွင်ပါ၀င်ခဲ့ပြီး မေတ္တာရှင် သွေးလှူရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း (ပဒါန်း) မှ ပရဟိတအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

"ကျွန်တော်တို့ကတော့ ကိုဝေဠုလွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေတာပေါ့လေ။ ကိုဝေဠုကို မလွှတ်ပေးမချင်းကို ထိုင်သပိတ်အနေနဲ့ သပိတ်မှောက်မှာဖြစ်တယ်။ ကိုဝေဠုလွတ်မြောက်ရေးအတွက် တောင်းဆိုမှာ ဖြစ်တယ်" လို့ ကိုဝေဠုလွတ်မြောက်ရေးအတွက် တောင်းဆိုသူတွေထဲမှာပါဝင်တဲ့ ကိုဝေလင်းစိုးက ပြောပါတယ်။

ကိုဝေဠုဟာ ကိုဗစ်တိုက်ဖျက်ရေး၊ သွေးလှူခြင်းအပါအဝင် ရပ်ရေးရွာရေးမှာ အမြဲပါဝင်လေ့ရှိတဲ့ လူငယ်လူရွယ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ကိုဝေဠုလွတ်မြောက်ရေးအတွက် ရပ်မိရပ်ဖတွေကလည်း ရဲစခန်းနဲ့ ညှိနှိုင်းမှုလုပ်ခဲ့ပါတယ်။ ဒီကနေ့ ညနေပိုင်းကစလို့ ငဖဲမြို့မရဲစခန်းမှာ ငဖဲမြို့နယ်အတွင်းရှိ ရွာပေါင်းစုံမှ တိုင်းရင်းသားပေါင်းစုံရောက်ရှိနေပြီး စုစုပေါင်း လူအင်အား တစ်ထောင်ခန့်ရှိတယ်လို့ သိရပါတယ်။

မြို့အဝင်ဂိတ်ပိတ်ထားတဲ့အတွက် ဝင်လာလို့မရသေးတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ရဲစခန်းဘက်ကတော့ ကိုဝေဠုကို တခြားနေရာရွှေ့ဖို့ စီစဥ်နေပုံရတယ်လို့ ရဲစခန်းရှေ့ရောက်ရှိနေသူတွေက ပြောပါတယ်။ ဆန္ဒပြသူတွေကတော့ ည ၉ နာရီခွဲအထိ ဆက်လက်ဆန္ဒပြနေကာ မလွှတ်ပေးမချင်း ပြန်မယ့်ပုံမပေါ်ပါဘူး။ ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမယ့် အရိပ်အယောင်မရှိဘူးလို့ သိရပါတယ်။



က္က