ရဲတပ်ဖွဲ့အပြင် စစ်သား(၆၀)ခန့်လည်း ရောက်လာတယ်လို့ သိရပါတယ်။
Duwun

ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်)မှာ မြင်းခြံမြို့ ခမောက်နီတော်လှန်ရေးတွင် ရဲတပ်ဖွဲ့၀င် လေးဦး ပြည်သူနဲ့ ပူး‌ပေါင်းပါ၀င်လာပါတယ်။ လေးဦးစလုံးမှာ ရဲတပ်သားများ ဖြစ်ပြီး မန္တလေးကလို့ သိရပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့၀င်လေးဦးဟာ သပိတ်စစ်ကြောင်း စတင်ထွက်ခွာချိန် နံနက်(၉)နာရီမှာကတည်းက ပြည်သူတွေနဲ့အတူ ပူးပေါင်းခဲ့တာပါ။



လာရောက်ဖမ်းဆီးသော ရဲများက ရဲအစစ်လားဟု မေးပြီး ရဲအစစ်ဆိုလျှင် ဖမ်းဆီးမိန့်ပါကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ ရဲတပ်ဖွဲ့၀င်လေးဦးကို ဖမ်းဆီးရန်လာခြင်းသာ ဖြစ်ပြီး ပြည်သူတွေကို ဘာအန္တရာယ်မှ မပေးဘူးလို့ ရဲမှူးက ပြောပါတယ်။

လာရောက်ဖမ်းဆီးချိန်တွင် ရဲတပ်ဖွဲ့၀င်လေးဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီ ဖြစ်ပါတယ်။လာ‌ရောက်ဖမ်းဆီးသော ရဲတပ်ဖွဲ့က ဆန္ဒပြလူအုပ်ကို ရှာဖွေခဲ့ပြီး လူစုခွဲခိုင်းတာတွေ ဟန့်တားတွေ မပြုလုပ်ခဲ့ပါဘူး။ စစ်သား(၆၀)ခန့်လည်း ရောက်လာတယ်လို့ သိရပါတယ်။

မြင်းခြံမြို့ ခမောက်နီတော်လှန်ရေးတွင် ရဲတပ်ဖွဲ့၀င်လေးဦး ပူးပေါင်းကာ ဆန္ဒပြနေစဥ်

“သူတို့က ရဲအစစ်ဆိုရင် ဖမ်းဆီးမိန့်ပါတယ်လို့တော့ ပြောပါတယ်။ အဲဒီအချိန်မှာ လာပူးပေါင်းတဲ့ ရဲတွေက ပြေးသွားပါပြီ။ သူတို့က လူအုပ်ထဲကို ၀င်ရှာပြီး အသာတကြည်ပဲ သွားခွင့်ပြုခဲ့ပါတယ်။ စစ်ကား(၁၀)စီးနဲ့ စစ်သား(၆၀)ခန့် ရောက်လာတာကို နားမလည်နိုင်ပါဘူး။ စစ်သားရဲ့ အလုပ်က ပြည်သူကို တိုင်းတစ်ပါးရန်နဲ့ သူပုန်တွေရန်ကို ကာကွယ်ဖို့လေ။ စစ်သားအလုပ်က ဒီနေရာ မဟုတ်ဘူး။ လူမှန်နေရာမှန်မှာ တာ၀န်ထမ်းဆောင်စေချင်တယ်” လို့ ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။ မြင်းခြံမြို့ အ၀င်အထွက်ဂိတ်တွေမှာလည်း စစ်ဆေးမှုတွေ ပြုလုပ်နေ CDM၀န်ထမ်းများကို ဖမ်းဆီးထိန်းသိမ်းဖို့လို့လည်း ဒေသခံပြည်သူတွေထံမှ သိရပါတယ်။


Author

  • Duwun

က္က