CRPH ကို ထောက်ခံကြောင်းကို CRPH စာသားနဲ့ သရပါတံခါးပုံစံကို ဆန္ဒပြသူတွေက ပုံဖော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Htar Htar Wai

ပုဂံ ညောင်ဦးကပြည်သူလူထုရဲ့ အာဏာရှင်ကိုတော်လှန် ဆန့်ကျင်နေမှု ဆန္ဒပြပွဲတွေဟာ ၁၉ ရက်မြောက်တဲ့အထိ လူအင်အားလျော့သွားခြင်းမရှိဘဲ ဆန္ဒပြမှုက အရှိန်မြင့်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာဆိုရင် ပုဂံညောင်ဦးက ဒေသခံပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ကျောင်းဆရာ ဆရာမတွေ၊ နည်းပညာတက္ကသိုလ် အင်ဂျင်နီယာ အဖွဲ့၊တက္ကသိုလ်ကျောင်းပေါင်းစုံ စတဲ့အဖွဲ့အစည်းတွေပါဝင်တယ်လို့သိရပါတယ်။



"လူအင်အားလျော့သွားတယ်ဆိုတဲ့ရက်ကိုမရှိဘူး။နေတိုင်းအင်အားအပြည့်ပဲ။ကျောင်းဆရာ၊ဆရာမတွေကတော့နေ့တိုင်းသပိတ်စစ်ကြောင်းမှာပါတာတွေ့ရတယ်။ရွာတွေဘက်ကလည်းလာကြတယ်။ညောင်ဦးကတော့ဒီနေ့အထိအားလုံးအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပဲ"လို့ ညောင်ဦးဒေသခံတစ်ဦးကပြောပါတယ်။

ဆန္ဒပြ သပိတ်စစ်ကြောင်း မှာပါတဲ့ပြည်သူလူထုက အာဏာရှင်ကိုလက်မခံကြောင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ပြီး We Want Democracy စာသားကို ဆန္ဒပြပြည်သူတွေနဲ့ပုံဖော်ခဲ့သလို၊ CRPH ကိုထောက်ခံကြောင်းကိုလည်း CRPH စာသားနဲ့ သရပါတံခါး ပုံစံကို ဆန္ဒပြသူတွေကပုံဖော် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပုဂံညောင်ဦးပြည်သူလူထုဟာ စစ်အာဏာရှင်အပြီးတိုင်ကျဆုံးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး ၊ ရုံးတက်နေတဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့လည်း CDM လှုပ်ရှားမှုမှာ ပါဝင်လာပေးဖို့ ကြွေးကြော် ဆန္ဒပြခဲ့ကြတယ်လို့လည်း သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။)


Author

  • Htar Htar Wai

က္က