ဆိုင်ကယ်တွေဖျက်ဆီးတာတွေလုပ်ခဲ့တဲ့အပြင် သတင်းယူနေကြတဲ့သတင်းထောက်တွေကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။
Duwun

ဒီကနေ့ မန္တလေးမြို့မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ကလိုက်လံဖြိုခွင်းမှုတွေပြုလုပ်ခဲ့တာမှာ ၆၂ လမ်း မနော်ရမ္မံဥယျာဉ်အနီးဖြစ်စဉ်မှာတော့ အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်တွေ၊ လေးခွတွေနဲ့ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာလို့သိရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်း ပရဟိတကူညီ ကယ်ဆယ်ရေးအဖွဲ့တွေကပဲ အရေးပေါ်ကုသမှုတွေလုပ်ပေးနေတာကိုတွေ့ရပါတယ်။



ဒဏ်ရာရကလေးငယ်ဟာ ဦးခေါင်းမှာလေးခွနဲ့ပစ်ခံထားရတဲ့ဒဏ်ရာရရှိထားတာဖြစ်ပြီး နောက်ထပ်ထိခိုက်ဒဏ်ရာရရှိသူငါးဦးထဲမှာ ခြေထောက်မှာသေ နတ်နဲ့ပစ်ခံထားရတဲ့ဒဏ်ရာရရှိသူတစ်ဦးလည်းပါဝင်ပါတယ်။

ဆန္ဒပြသူတွေကိုလိုက်လံဖြိုခွင်းနေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မနော်ရမ္မံဥယျာဉ်အနီးရုတ်တရတ်ရောက်လာတာဖြစ်ပြီး လမ်းတစ်လျှောက်ကဈေးသည် တွေကိုခြိမ်းခြောက်တာ၊ ဆိုင်ကယ်တွေဖျက်ဆီးတာတွေလုပ်ခဲ့တဲ့အပြင် သတင်းယူနေကြတဲ့သတင်းထောက်တွေကိုလည်း ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

မန္တလေးမြို့မှာ ဒီကနေ့ ငြိမ်းချမ်းစွာဆန္ဒပြနေကြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့နဲ့ထိပ်တိုက်ရင်မဆိုင်ဘဲ ကွေ့ရှောင်သွားကြပေမယ့်လည်း လုံခြုံရေးတပ်ဖွဲ့က တော့ စစ်ယာဉ်တန်းနဲ့လိုက်လံပစ်ခတ်ဖြိုခွင်းခဲ့ကြတာဖြစ်ပါတယ်။


Author

  • Duwun

က္က